BBC navigation

အီရန် သမ္မတ ထောင်ကြည့်ခွင့် မရ

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 03:57 GMT
Ahmadinejad

သူ့လူ အဖမ်းခံ ရပြီးမှ ထောင် သွားကြည့်ဖို့ တောင်းဆို

အီရန် သမ္မတ အာမက် ဒီနာဂျက် ကို တဟီရန် မြို့တော် မြောက်ပိုင်းက နာမည်ဆိုးနဲ့ သတင်းကြီးတဲ့ အီဗင် အကျဉ်းထောင်ကို သွားခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

အီရန် ခေါင်းဆောင် တချို့ကို စော်ကား မှုနဲ့ သူ့ရဲ့ အရင်းနှီးဆုံး လုပ်ဖော် ကိုင်ဘက် အဖမ်းခံ ရပြီး မကြာခင် မှာပဲ ဒီ ထောင်ကို သွားကြည့်ခွင့် ရဖို့ သမ္မတက ဒီလဆန်းက တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ သွားကြည့်ဖို့ အခါအခွင့် မသင့်သေးဘူးလို့ တရားရေး အရာရှိ တွေက ငြင်းဆို ခဲ့ကြပြီး ဒါဟာ သဘောထား တင်းမာတဲ့ အုပ်စု တွေ အပေါ် မစ္စတာ အာမက် ဒီနာဂျက် သြဇာ ကျဆင်း နေတဲ့ လက္ခဏာ လို့လဲ ယူဆ နေကြ ပါတယ်။

အီရန် စီးပွားရေးနဲ့ ကုန်စျေးနှုန်း တွေ တက်နေတဲ့ ကိစ္စ တွေလို တခြား အရေးကြီးတာ တွေကို သမ္မတ အနေနဲ့ ပို အရေးပေးသင့်တယ် လို့ အရာရှိ တွေက ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။