BBC navigation

ဂါဇာဘက်သွားတဲ့ သင်္ဘောတစီးကို အစ္စရေးဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 20 အောက်တိုဘာလ 2012 - 16:25 GMT
Estelle ship to Gaza

သင်္ဘောပေါ်မှာ ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာ အထောက် အပံ့ ပစ္စည်းတွေကို တင်ဆောင် လာတာ ဖြစ်ပါတယ်

ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ ဂါဇာ ဒေသ ဘက်ကို သွားဖို့ ကြိုးစားနေတဲ့ ဖင်လန် သင်္ဘောတစီး ကို အစ္စရေး မရိန်းတပ်ဖွဲ့ တွေက ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။

မရိန်းတပ်ဖွဲ့တွေ ကနေ အက်စ်တယ်လ် လို့ အမည်ရတဲ့ အဲဒီ သင်္ဘောကို လမ်းကြောင်း ပြောင်းဖို့ ပြောကြားခဲ့ ပေမယ့်လည်း သင်္ဘောဟာ ဂရု မစိုက်ဘဲ ရှေ့တိုး ခဲ့တာ ကြောင့် မရိန်း တပ်ဖွဲ့တွေ ကနေ သင်္ဘောပေါ်ကို တက်ရောက် ထိန်းချုပ် လိုက်တာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

ဘာမှ အင်အား သုံးစရာ မလိုပဲ သင်္ဘောပေါ် တက်ရောက် ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်ပြီး ခရီးသည်တွေ ကိုလည်း အစားအစာနဲ့ ရေပေးထား ခဲ့တယ် လို့လည်း သူက ပြောပါတယ်။

သင်္ဘောကို အခုတော့ အစ္စရေး နိုင်ငံ အက်ရှ်ဒေါ့ဒ် ဆိပ်ကမ်းကို ခေါ်ယူ လာခဲ့ပြီ ဖြစ်ပါတယ်။

အက်စ်တယ်လ် သင်္ဘောဟာ အခုလ အစောပိုင်းက အီတလီ နိုင်ငံ နီပယ်စ် မြို့ကနေ ခရီး စတင် ခဲ့တာ ဖြစ်ပြီး သင်္ဘော ပေါ်မှာ ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာ အထောက် အပံ့ ပစ္စည်းတွေကို တင်ဆောင် လာတာ ဖြစ်ပါတယ်။

ဥရောပက နိုင်ငံရေး သမား ၅ ဦးလည်း အဲဒီ သင်္ဘောပေါ်မှာ လိုက်ပါ လာပါတယ်။

ဂါဇာ ဒေသကို အစ္စလာမ်မစ် ဟားမတ်စ် လှုပ်ရှားမှု အဖွဲ့ က ၂၀၀၇ ခုနှစ်မှာ ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်း အစ္စရေး တို့ဟာ ဂါဇာ အပေါ် ပိတ်ဆို့မှု တွေကို ပိုမို တင်းကျပ်ထား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။