BBC navigation

အီဂျစ် ရှေ့နေချုပ် တာဝန် ပြန်ထမ်းဆောင်

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 16:24 GMT
Egypt prosecutor general

ကိုင်ရိုမြို့မှာ နှစ်ဘက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပြီးနောက် ရှေ့နေချုပ်ကို တာဝန် ပြန်ထမ်းဆောင်ဖို့ ခွင့်ပြု

အီဂျစ်နိုင်ငံ ရှေ့နေချုပ် အက်ဘ် အဲလ် မာဂျစ် မိုဟာမက်ကို သူ့ရာထူး တာဝန် ပြန်ထမ်း ဆောင်ဖို့ သမ္မတ မိုဟာမက် မော်ဆီရဲ့ က သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ကိုင်ရိုမြို့မှာ နှစ်ဘက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပြီးနောက် အခုလို ရှေ့နေချုပ်ကို တာဝန် ပြန်ထမ်းဆောင်ဖို့ ခွင့်ပြု လိုက်တာ ဖြစ်တယ်လို့ သမ္မတ မော်ဆီ ပြောခွင့်ရသူက ပြောပါတယ်။

ကြာသပတေးနေ့ ကတော့ ရှေ့နေချုပ် မာဂျစ် မိုဟာမက်ကို ရာထူးက ထုတ်ပယ် တယ်ဆိုပြီး သမ္မတ မော်စီက အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အရင် သမ္မတ ဟော့စနီ မူဘာရက်ကို သစ္စာခံတဲ့ ထိပ်တန်း အရာရှိ ၄၀ ကိုလည်း ရာထူး ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ထုတ်ပယ်မှုတွေကြောင့် ကိုင်ရိုမြို့ တာဟီရာ ရင်ပြင်မှာ သောကြာနေ့က အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး၊ လူပေါင်း ၁၁၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ဒီဆန္ဒပြပွဲဟာ သမ္မတ မော်စီ ရာထူး ရယူ ပြီးနောက် သူ့ကိုဆန့်ကျင်တဲ့ အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။