BBC navigation

ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ကွမ်တန် သုတေသီတွေ ရရှိ

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 17:13 GMT
Quantum

ကွမ်တန် ရူပဗေဒကို အခြေခံတဲ့ စွမ်းအားမြင့် ကွန်ပြူတာတွေ တီထွင်နိုင်ရေး သုတေသန ပြုချက်ကနေ နိုဗဲလ်ဆုရ

အခုနှစ် အတွက် ရူပဗေဒ ဆိုင်ရာ နိုဘဲလ်ဆုကို ပြင်သစ် လူမျိုး ဆာဂျီ ဟာရော့ နဲ့ အမေရိကန်က ဒေးဗစ် ဝိုင်လန်းတို့ ပူးတွဲ ရရှိသွား ပါတယ်။

သူတို့ နှစ်ဦးဟာ Quantum သီအိုရီ သုတေသန ပြုချက်တွေ ပြုလုပ်ခဲ့ ကြတာ ဖြစ်ပြီး၊ အဲဒီ သုတေသန ပြုချက်တွေ ကနေ စွမ်းအားမြင့် ကွန်ပြူတာတွေ တီထွင် နိုင်မယ့် လမ်းစ ကို တနေ့နေ့မှာ တွေ့ရှိ နိုင်မှာ ဖြစ်တဲ့ အတွက် နိုဘဲလ်ဆု ရရှိသွားကြတာ ဖြစ်ပါတယ်။

ကွမ်တန်စနစ်နဲ့ ပတ်သက်တဲ့ အသေးဆုံး အစိတ်အပိုင်း အထိ တိုင်းတာ တွက်ချက် မှုတွေကို ပြုလုပ်ခဲ့တဲ့ သူတို့ နှစ်ဦးကို နိုဘဲလ်ဆု ပေးရေး ကော်မတီက ချီးကျူး လိုက်ပါတယ်။

ကွမ်တန် ရူပဗေဒကို အခြေခံတဲ့၊ စွမ်းအားမြင့် ကွန်ပြူတာတွေ တီထွင်နိုင်ရေး အတွက် သူတို့ရဲ့ အခြေခံ နည်းစနစ်တွေဟာ အစ ကနဦး ဖြစ်တယ် ဆိုပြီး နိုဘဲလ်ဆု ကော်မတီက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။