BBC navigation

အဲလ်ရှာဘတ် သူပုန်တွေ ကစ်မာယို မြို့က ဆုတ်ခွာပြီ

နောက်ဆုံး ရေးသားချိန် 29 စက်တင်ဘာလ 2012 - 15:43 GMT

ကင်ညာ တပ်ဖွဲ့တွေဟာ ရေကြောင်းကနေ ဝင်ရောက်ခဲ့ ကြတာ ဖြစ်ပါတယ်

ဆိုမာလီနိုင်ငံက အဲလ်ရှာဘတ် အစ္စလာမ် သူပုန်တွေဟာ သူတို့ နောက်ဆုံး ခြေကုပ် ယူထားတဲ့ ကစ်မာယို ဆိပ်ကမ်း မြို့ကနေ ဆုတ်ခွာ ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဆိုမာလီ အစိုးရနဲ့ ကင်ညာ ပူးတွဲ တပ်ဖွဲ့တွေ ဟာ ကစ်မာယိုမှာ ရှိတဲ့ အဲလ်ရှာဘတ် သူပုန်တွေကို ရေကြောင်းနဲ့ မြေပြင် ကနေ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြပြီးနောက်မှာ သူပုန်တွေ အခုလို ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

သူပုန်တွေ ဘယ်ကို ထွက်ပြေး သွားကြတယ် ဆိုတာကို တော့ မသိကြောင်း ကင်ညာနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ယူဆက်ဖ် ဟာဂျီ က ပြောပါတယ်။ ဒါပေမယ့်လို့ ဆိုမာလီဟာ နိုင်ငံကြီး တခုဖြစ်ပြီး၊ ကစ်မာယို မြို့ကနေလည်း ထွက်ပေါက်တွေ အများကြီး ရှိတယ်လို့ သူက ပြောပါတယ်။

မြို့ထဲမှာတော့ လုယက်မှုတွေ ဖြစ်ပွားနေပြီး အဲလ်ရှာဘတ် ရုံးတွေကိုလည်း ဝင်ရောက် မွှေနှောက်မှုတွေ ရှိခဲ့ပါတယ်။

ကင်ညာ တပ်ဖွဲ့တွေဟာ သောကြာနေ့က ရေကြောင်းကနေ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အခုတော့ မြို့ရဲ့ မြောက်ဘက်ပိုင်း နေရာတွေ ဆီကို ဦးတည် ဝင်ရောက် နေပါတယ်။

အဲလ်ရှာတဘ် အဖွဲ့ ပြောခွင့်ရသူ ကတော့ သူတို့ဟာ နည်းနာအရ ဆုတ်ခွာ ပေးလိုက် တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။