BBC navigation

မြောက်ကိုးရီးယားမှာ လယ်ယာ ပြုပြင်ရေးတွေ စတင်

နောက်ဆုံး ရေးသားချိန် 24 စက်တင်ဘာလ 2012 - 16:59 GMT
North Korea

ခေါင်းဆောင်သစ်က ပြုပြင်ရေးတွေ စလုပ် လာတာလို့ ဆို

မြောက်ကိုရီးယားမှာတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ တွေ့လာရမဲ့ အရိပ်အယောင်တွေ မြင်နေရပါပြီ။

လယ်သမားတွေကို သူတို့ရဲ့ ထွက်ကုန်တွေ ထဲက အစိုးရကို ပေးသွင်းရမဲ့ ပမာဏကို လျှော့ချပေးလိုက်ပြီး ကျန်တဲ့ ပမာဏကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးတော့မယ်လို့ အေပီ သတင်းတပုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အေပီ သတင်းထောက်နဲ့ တွေ့ခဲ့တဲ့ မြို့တော် ပြုံယမ်းရဲ့ တောင်ဖက်က လယ်သမားနှစ်ယောက် ကတော့ ဒီနှစ် ကုန်လောက်က စလို့ သူတို့ အစိုးရကို ပေးသွင်းရတဲ့ သီးနှံပမာဏ လျော့သွားရင် ကိုယ်တိုင်စားသုံးဖို့ ပိုပို လျှံလျှံ ရှိလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ စီးပွားရေး စနစ် ကျင့်သုံးပြီး ဆိုးဆိုးဝါးဝါး ရိက္ခာ ပြတ်လပ်မှုတွေ မကြာမကြာ ကြုံနေရပါတယ်။
အခုလို လျှော့ပေါ့ပေးလာတာဟာ လယ်ယာထွက်ကုန်တွေ တိုးလာအောင်ရည်ရွယ်နဲ့ ဖြစ်ပုံရတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရဖက်ကတော့ အခု နောက်ဆုံး အပြောင်းအလဲ နဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြန်တာ မရှိသေးပေမဲ့ သုံးသပ်သူတွေကတော့ ခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်းလက်ထက်မှာ တိုင်းပြည်ရဲ့ လမ်းကြောင်း အပြောင်းအလဲ လေးတွေ တွေ့လာရတာလို့ ယူဆနေကြပါတယ်။

မြောက်ကိုရီးယားမှာ စျေးကွက်စီးပွားရေးကို ကျင့်သုံးနေတယ်ဆိုပေမဲ့ ဘယ်လို ကျင့်သုံးသလဲဆိုတာ ရှင်းရှင်းလင်း မသိရသလို အစိုးရက မကြာမကြာဝင်စွက်ဖက်မှုတွေလဲ ရှိခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။