BBC navigation

လစ်ဗျား တိုက်ခိုက်မှု စုံစမ်းပြီ

နောက်ဆုံး ရေးသားချိန် 13 စက်တင်ဘာလ 2012 - 01:17 GMT
libya

တိုက်ခိုက်မှု ရှုပ်ထွေး အဆင့်မြင့်တာမို့ စစ်သွေးကြွ တွေ ပါနိုင်

အင်္ဂါ နေ့က လစ်ဗျား နိုင်ငံ ဘန်ဂါဇီ က အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို ကြိုတင် ကြံစည် ထားသလား စုံစမ်း စစ်ဆေး နေတယ်လို့ အမေရိကန် အစိုးရ ဘက်က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လစ်ဗျား နိုင်ငံ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်စ် နဲ့ အမေရိကန် ၃ ယောက်၊ လစ်ဗျား နိုင်ငံသား ဆယ်ယောက် လောက် သေဆုံး ခဲ့ရပါတယ်။

သမ္မတ အိုဘားမားကလဲ ဒီတိုက်ခိုက်မှုကို အမေရိကန်က အပြင်းထန် ဆုံး ရှုတ်ချ လိုက်ပြီး လက်သည် ပေါ်တဲ့အထိ လစ်ဗျား အစိုးရနဲ့ ပူးတွဲ ဖြေရှင်းမယ်၊ ကမ္ဘာ တလွှားက အမေရိကန် သံဝန်ထမ်းတွေ လုံခြုံရေး အတွက် ပိုမို မြှင့်တင် သွားမယ်လို့ သတိပေး ခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ ရှုပ်ထွေးပြီး အဆင့်မြင့်တာမို့ ဘာသာရေး စစ်သွေးကြွ တွေ ပါနိုင်တယ်လို့ ယူဆနေကြကြောင်း အရာရှိ တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ တမန်တော် မိုဟာမက် ကို စော်ကားတယ် ဆိုတဲ့ ရုပ်ရှင်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲ နဲ့ ပတ်သက်တယ်လို့ အစက ယူဆထားတာပါ။

RPG လောင်ချာ နဲ့ ပစ်ပြီး သံရုံးကို သေနတ်သမား တွေက မီးတင် ရှို့ ခဲ့ကြတာပါ။

အီဂျစ်မှာလဲ လူ နှစ်ရာ လောက် ရှိတဲ့ ဆန္ဒပြ လူအုပ်က တမန်တော် မိုဟာမက် ကို စော်ကားတဲ့ ရုပ်ရှင်ကို ဆန့်ကျင် ဆန္ဒပြဖို့ ကိုင်ရိုက အမေရိကန် သံရုံး အပြင်မှာ ဒုတိယ ည စုရုံး ခဲ့ကြပြန်ပါတယ်။

ဆန္ဒပြ သူတွေဘက်က ခဲ့နဲ့ပေါက်လို့ ရဲက မျက်ရည်ယို ဗုံးနဲ့ ဖြိုခွဲ ပါတယ်။

သောကြာ နေ့ ဗလီ တွေ အပြင်ဘက်မှာ ဒီဗီဒီယိုကားကို ဆန္ဒပြကြဖို့ မွတ်ဆလင် ညီနောင်များ အဖွဲ့က တနိုင်ငံလုံးကို တောင်းဆို ထားပါတယ်။

ကျူနီးရှား မှာလဲ သံရုံး အပြင်မှာ တော်တော်ကြာအောင် အေးအေးချမ်းချမ်း ဆန္ဒပြ နေကြပြီးမှ ဆန္ဒပြသူ တွေက အမေရိကန် သံရုံး ထဲ ချိုးဖျက် ဝင်ဖို့ ကြိုးစား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။