BBC navigation

အာဖဂန် အကျဉ်းထောင်ကို အမေရိကန် လွှဲပြောင်းပေး

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 16:03 GMT

အခမ်းအနားကို အာဖဂန် ကာကွယ်ရေး ဝန်ကြီး တက်ရောက် စကားပြော

အာဖဂန်မှာ ရှိတဲ့ အမေရိကန် စစ်တပ် ကနေ အငြင်းပွားဖွယ် ဖြစ်နေတဲ့ အကျဉ်းထောင် တခုကို အာဖဂန် အာဏာပိုင်တွေထံ အခမ်းအနားနဲ့ လွှဲပြောင်း ပေးလိုက်ပါတယ်။

အခမ်းအနားမှာ လက်ရှိ အာဖဂန် ကာကွယ်ရေး ဝန်ကြီး အန်နာ ယက်တူလာ နာဇရီ က အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေဟာ ကောင်းကောင်း လေ့ကျင့် သင်ကြား ထားတဲ့ တပ်ဖွဲ့တွေ ဖြစ်ကြောင်းနဲ့ သူတို့တွေဟာ အကျဉ်သားတွေအတွက် တာဝန်ယူပြီး သူတို့ရဲ့ လုပ်နိုင် စွမ်းရည်တွေကို ပြသ ကြတော့မှာ ဖြစ်တဲ့ အတွက် ဝမ်းသာပါကြောင်း ပြောကြားသွားပါတယ်။

ကာဘူးမြို့ မြောက်ဘက်မှာ ရှိတဲ့ ဘာ့ဂရမ်းလို့ အမည်ရတဲ့ ဒီအကျဉ်းထောင်က အကျဉ်သား ၃၀၀၀ လောက်ဟာ အခုတော့ အာဖဂန် အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ်လို့ မကြာသေးခင် လများတွေ အတွင်း ဖမ်းဆီးထားသူတွနဲ့ နိုင်ငံခြားသားတွေ အပါအဝင် အကျဉ်းသား ၇၀၀ ကိုတော့ အမေရိကန် စစ်တပ်က ဆက်ပြီး တာဝန်ယူထား ဦးမှာ ဖြစ်ပါတယ်။ ကာဘူးလ် ကတော့ ဒါကို ကန့်ကွက်ထားပါတယ်။

အာဖဂန်ကနေ နေတိုးဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေ လာမယ့် ၂ နှစ် အတွင်း ပြန်လည် ရုပ်သိမ်းတဲ့ အခါ အကျဉ်းထောင် အားလုံးကို အာဖဂန် ထိန်းချုပ်မှုအောက် လွှဲပြောင်း ပေးမှာ ဖြစ်ပါတယ်။

အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လွှဲပြောင်းမယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်း အနေနဲ့ အခု ဘာ့ဂရမ်း ထောင်ကို လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုဟာ ခွန်းဒေါ့ဇ်မြို့ လူစည်းကားတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ

အသေခံ တိုက်ခိုက်မှုတွေဆက်

အာဖဂန်နစ္စတန် အရှေ့မြောက်ဖက် ခွန်းဒေါ့ဇ် ပြည်နယ် ခွန်းဒေါ့ဇ် မြို့ရဲ့ အချက်အချာ ကျတဲ့ နေရာမှာတော့ အသေခံဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်ပွားခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး အပါအဝင် အနည်းဆုံး လူ ၂၆ ဦး သေဆုံးသွားပါတယ်။

အရပ်သား အများစု ဖြစ်တဲ့ လူ ၂၀ ကျော်ကတော့ ဒဏ်ရာ ရရှိသွားတယ် လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုဟာ ခွန့်းဒေါ့ဇ်မြို့ လူစည်းကားတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

အသေခံ ဖေါက်ခွဲသမားဟာ ဆန္ဒပြပွဲတခု အတွက် လုံခြုံရေး ပေးဖို့ စုရုံး ရောက်ရှိလာတဲ့ ရဲအရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ ပြည်နယ် ဒုရဲချုပ်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။