BBC navigation

ဂါဇာ လူနေမှု ပြုပြင်ရေး ကုလတိုက်တွန်း

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 01:39 GMT
gaza

နယ်စပ်ကို အစ္စရေး နဲ့ အီဂျစ် တပ်တွေ ထိန်းချုပ်

ဂါဇာ က ပါလက်စတိုင်း တွေ ဆက်ပြီး ရှင်သန် ရပ်တည် နိုင်ဖို့ အတွက် ဂါဇာ ဒေသ အခြေခံ ပြည်သူ့ ဝန်ဆောင်မှု တွေကို အမြန် ပြုပြင် ပေးရမယ်လို့ ကုလ သမဂ္ဂ က ဆိုပါတယ်။

ရေကောင်း ရေသန့် မရတာဟာ ဂါဇာမှာ အဆိုးဆုံး ရင်ဆိုင် နေရတဲ့ ဒုက္ခ ဖြစ်ပြီး လူဦးရေ တိုးနှုန်းကို အမီ မလိုက်နိုင်ဘဲ ကျန်းမာရေး လျှပ်စစ်မီး ပညာရေး ဌာန တွေ ယိုယွင်း နေတာကို ကုလ သမဂ္ဂက ထောက်ပြ ခဲ့ပါတယ်။

အစ္စရေး ပိတ်ဆို့မှု ကြောင့် ဂါဇာ ရဲ့ စီးပွားရေး ဟာလဲ နိုင်ငံတကာ နဲ့ အဆက်ဖြတ် ခံနေရ ပါတယ်။

ဂါဇာမှာ လေဆိပ် သင်္ဘောဆိပ် တွေလဲ မရှိဘဲ ကုန်းတွင်း နယ်စပ် တွေကိုလဲ လက်နက် မှောင်ခို ဝင်မှာ စိုးလို့ အစ္စရေး နဲ့ အီဂျစ် တပ်တွေက ထိန်းချုပ် ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။