BBC navigation

ဆမ်ဆောင်းက အက်ပဲလ်ကို လျော်ကြေးပေးဖို့ တရားရုံး ဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 25 သြဂုတ်လ 2012 - 15:11 GMT

အက်ပဲလ်ဟာ စမာ့တ်ဖုန်း စျေးကွက်ကို လက်ဝါး ကြီး အုပ်ဖို့ ကြိုးစားနေတယ်လို့ ဆမ်ဆောင်း စွပ်စွဲ

တောင်ကိုးရီးယား နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ ဆမ်ဆောင်းဟာ သူတို့ရဲ့ စမာ့တ်ဖုန်း တွေနဲ့ တက်ဘလက် ကွန်ပြူတာတွေ ထုတ်လုပ်ရာမှာ အမေရိကန် အက်ပဲလ် ကုမ္ပဏီက တီထွင် ထုတ်လုပ် ထားတဲ့ ဒီဇိုင်းတွေကို ခိုးယူ အသုံးပြုခဲ့ တယ်လို့ အမေရိကန် တရားရုံး တခု ကနေ ဆုံးဖြတ် လိုက်ပြီးနောက် ဆမ်ဆောင်း ကုမ္ပဏီ ကနေ ပြင်းပြင်းထန်ထန် တုံ့ပြန် လိုက်ပါတယ်။

အက်ပဲလ်ဟာ စမာ့တ်ဖုန်း စျေးကွက်ကို လက်ဝါးကြီး အုပ်နိုင်ဖို့ အတွက် မူပိုင်ခွင့် ဥပဒေတွေကို အသုံးပြု နေတယ်လို့ ဆမ်ဆောင်းက စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ဆမ်ဆောင်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အက်ပဲလ် ကုမ္ပဏီဟာ ဖုန်းနဲ့ တက်ဘလက် လက်ကိုင် ကွန်ပြူတာ ပုံစံတွေကို တဦးတည်း လက်ဝါးကြီးအုပ် အပိုင်စီးဖို့ ကြိုးစား နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီ ကနေ နစ်နာကြေး ဒေါ်လာ ၁ ဘီလျံကျော် အက်ပဲလ်ကို ပေးဖို့ ကယ်လီဖိုနီးယား တရားရုံး က အမိန့်ချမှတ် လိုက်ပါတယ်။

ဆမ်းဆောင်းကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။

ကမ္ဘာ့ပေါ်က စမာ့တ်ဖုန်း ရောင်းချမှု တဝက်ကျော်ဟာ ဆမ်ဆောင်းနဲ့ အက်ပဲလ် ကုမ္ပဏီ ထုတ် ဖုန်းတွေ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။