
ကူနာပြည်နယ်ထဲက နေတိုးတပ်ဖွဲ့ဝင်များ
ပါကစ္စတန်နဲ့ နယ်စပ်ချင်း ထိစပ် နေတဲ့ အာဖဂန် နစ္စတန် က ကူနာ ပြည်နယ် အတွင်းမှာ ရှိတဲ့ ချာပါ ဒါရာ ခရိုင် အတွင်းမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းက တိုက်ခိုက်မှုမှာ တာလီဘန် စစ်သွေးကြွလို့ ယူဆရသူ ၂ ဒါဇင် ကျော် သေဆုံးသွား ခဲ့ကြောင်း နေတိုး အရာရှိ တွေက ပြောပါတယ်။
ဒေသတွင်းက ရဲတပ်ဖွဲ့ကတော့ စစ်သွေးကြွ ၄၀ ကျော်သေဆုံး သွားခဲ့တဲ့ အကြောင်းပြောပေမယ့် တာလီဘန်တွေဘက်တော့ ဒီတိုက်ခိုက်မှုမှာ ၁၃ ဦးသာ သေဆုံးခဲ့ပြီး အနည်းငယ် ဒဏ်ရာရှိ ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းကလည်း ကူနာ ပြည်နယ်ထဲကို ပါကစ္စတန် ဘက်က လက်နက် ကြီးတွေနဲ့ အပြင်းအထန် ပစ်ခဲ့တာ မျိုးတွေ ရှိခဲ့ပါတယ်။
ပါကစ္စတန်နဲ့ အာဖဂန် နှစ်ဘက် စလုံးက ဒီလို မိမိရဲ့ ပိုင်နက်တွေ အတွင်း စစ်သွေးကြွတွေရဲ့ ထိုးဖောက် ဝင်ရောက် တိုက်ခိုက်မှု တွေကို မနိုမ်နင်း နိုင်တဲ့ အပေါ်မှာ တဘက်ကို တဘက် အပြစ်ပုံချ နေကြပါတယ်။
















