BBC navigation

အငြင်းပွားကျွန်းစုအနား ဂျပန်သင်္ဘောတွေရောက်

နောက်ဆုံး ရေးသားချိန် 19 သြဂုတ်လ 2012 - 01:42 GMT
diaoyu-senkaku

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေရတဲ့ ကျွန်းစု

အရှေ့တရုတ် ပင်လယ်ပြင် ထဲက ပိုင်ဆိုင်မှု အတွက်အငြင်းပွားနေတဲ့ လူမနေတဲ့ကျွန်းတွေ ဆီကို ဂျပန် သင်္ဘောအုပ်စု ရောက်ရှိသွား ပြီ ဖြစ်ပါတယ်။

အဲဒီ သင်္ဘောတွေ ပေါ်မှာ အမျိုးသားရေး လှုပ်ရှားသူ ၁၅၀ လောက်နဲ့ လွှတ်တော် အမတ် တွေပါသွားပြီး နံနက် အရုဏ်တက်ချိန်မှာ ရောက်သွား တဲ့အကြောင်း သင်္ဘောတွေပေါ်မှာ သတင်းထောက် တယောက်ပါတဲ့ ပြင်သစ် အေဖက်ပီ သတင်းဌာနက ပြောပါတယ်။

အဲဒီ သင်္ဘောပေါ်က အမတ် တယောက်က ဂျပန် အစိုးရဆီက ခွင့်ပြုချက် မရသေး ပေမယ့် အဲဒီကျွန်းတွေပေါ်ကို တက်ဖို့ ကြိုးစားကြည့်မယ့် အကြောင်း ပြောပါတယ်။

ဒီကျွန်းတွေ အနားမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက သေဆုံး ခဲ့ရသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပလိုတဲ့ အကြောင်း ဆိုပါတယ်။

အဲဒီ ကျွန်းတွေကို ဂျပန်က ဆဲန်ကာကူ လို့ခေါ်ပြီး တရုတ်က ဒိုင်းယိုယုလို့ခေါ် ပါတယ်။ ထိုင်ဝမ်ကလည်း ဒီကျွန်း တွေကို ပိုင်တယ်ဆိုပြီး ပြောနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။