bbc.co.uk navigation

လူမျိုးရေး စော်ကားတဲ့ စာမျက်နှာ ဖယ်ပေးရ

နောက်ဆုံး ရေးသားချိန် 10 သြဂုတ်လ 2012 - 01:28 GMT
Aboriginal

အဘိုးရီးဂျင်း တွေကို ပုတ်ခတ်တဲ့ စာမျက်နှာကို ဖယ်ရှား

ဖေ့စ်ဘုတ် လူမှုကွန်ယက်က သြစတြေးလျ က အဘိုးရီးဂျင်း လူမျိုးတွေကို အရက်သမားတွေ၊ လူမှုဖူလုံရေး ကို လိမ်စား နေသူတွေလို့ ရေး ထားတဲ့ စာမျက်နှာကို ဖယ်ရှား ပေးလိုက် ရပါတယ်။

ဒီ စာမျက်နှာ ဖယ်ပစ်ဖို့ လက်မှတ်ထိုး တောင်းဆိုတာ ကလဲ ၂ ရက် အတွင်းမှာ လူ တသောင်း ခုနစ်ထောင် ကျော်ဆီက ရရှိ ခဲ့ပါတယ်။

ဖေ့စ်ဘုတ်ဟာ အမေရိကန်မှာ အခြေစိုက်ပြီး သြစတြေးလျ ရဲ့ လူမျိုး ခွဲခြားမှု ဆန့်ကျင်ရေး ဥပဒေ တွေကို လက်တလုံးခြား လုပ် ရှောင်နေတယ်လို့ သြစတြေးလျ အစိုးရက စွပ်စွဲ ပါတယ်။

အများ ပြည်သူ သဘောထားကို ဂရုစိုက် ပေမယ့် အသိပညာ ဖလှယ်မှု ကနေ ဆွေးနွေး ဝေဖန်မှုနဲ့ နားလည်မှု မြင့်မားရေးကို ဦးတည် စေတယ်လို့ ယူဆကြောင်း ဖေ့စ်ဘုတ်က ထုတ်ပြန် ခဲ့ပါတယ်။

သြစတြေးလျ ဆက်သွယ်ရေးနဲ့ သတင်း အာဏာပိုင် တွေက ဒီ စာမျက်နှာကို အင်္ဂါ နေ့က စုံစမ်းရေး စခဲ့ပါတယ်။

ဒီ စာမျက်နှာကို ပါ့သ် မြို့က ၁၆ နှစ်သား လူငယ်တဦး ဖန်တီးတာ ဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။