
အလက်ပိုက မြေဇာပင် ပြည်သူများ
နောက်ထပ်တရက် လက်နက်ကြီး တွေနဲ့ တိုက်ခိုက်ပြီးနောက် အလက်ပိုက ဆီးရီးယား တပ်တွေက ဆလာဟက်ဒင် ရပ်ကွက်ကို ပြန်လည် ထိန်းချုပ် ထားပြီ ဖြစ်ပါတယ်။
အစိုးရ တင့်ကား တွေ စစ်လေယာဉ်တွေနဲ့ မြို့ထဲက သူပုန် ရပ်ကွက် တွေကို ထိုးစစ် ဆင်ခဲ့တာပါ။
ဗျူဟာ အရ စစ်ဆုတ် ပေးတာလို့ ဆီးရီးယား လွတ်မြောက်ရေး သူပုန်တပ်က ဆိုပေမယ့် အစိုးရ တပ်တွေ ဒီနယ်မြေကို ဝင်လာနေပြီ ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားက ဝါရင့် သံအမတ်ကြီး လက်ဒါး ဘရာဟီမီက ကိုဖီ အာနန် နုတ်ထွက် သွားတဲ့ ကုလ သမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ် ရဲ့ အထူး ကိုယ်စားလှယ် နေရာ ယူလိမ့်မယ် လို့လဲ ကုလ သမဂ္ဂ သံတမန် သတင်း ရပ်ကွက် တွေက ဆိုပါတယ်။
ဒီလကုန်မှာ ရာထူးက ထွက်မယ်လို့ မစ္စတာ အာနန်က ကြေညာ ထားပါတယ်။













