BBC navigation

အမေရိကန် ဆိခ်ဝတ်ပြုကျောင်းမှာ ပစ်ခတ်မှုဖြစ်

နောက်ဆုံး ရေးသားချိန် 6 သြဂုတ်လ 2012 - 00:46 GMT
wisconsin_sikhs_police

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာ

အမေရိကန် ပြည်ထောင်စု ဝစ္စကွန်ဆင် ပြည်နယ်က အုတ်ခ်ခရိခ် မြို့မှာရှိတဲ့ ဆိခ် ဝတ်ပြုကျောင်း ထဲမှာ လာရောက် ဝတ်ပြုနေသူ တွေကို သေနတ်သမား တဉီးက ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အတွက် ၆ ဉီးထက်မနည်း သေဆုံး ခဲ့ရတယ်လို့ ရဲ တပ်ဖွဲ့က ပြောပါတယ်။

အဲဒီ သေနတ်သမား ကိုတော့ အခင်းဖြစ်ပွားရာကို အရင် ဉီးဆုံး ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ပစ်သတ် နိုင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မကြာသေးခင်ကလည်း အမေရိကန် ပြည်ထောင်စုမှာ ကော်လိုရာဒိုက ရုပ်ရှင်ရုံမှာ ရုပ်ရှင် လာကြည့်သူတွေကို သေနတ်သမား တဉီးက ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၁၂ ဉီးသေဆုံးခဲ့ရပါတယ်။

ဒီအဖြစ်အပျက် နဲ့ မရှေးမနှောင်းမှာ ဖြစ်ခဲ့တဲ့ အခု ဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိုဘားမားက သူ့အနေနဲ့ အလွန်တရာ စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။