BBC navigation

ရုရှား သမ္မတ ဗြိတိန်ရောက်

နောက်ဆုံး ရေးသားချိန် 2 သြဂုတ်လ 2012 - 15:51 GMT
putin_cameron

ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ရုရှားသမ္မတ ပူတင်

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဗြိတိန် နိုင်ငံကို ရောက်ရှိ နေပြီး ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ ဆီးရီးယား အရေးကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ၇ နှစ် အတွင်း မစ္စတာ ပူတင် အဖို့ ပထမဆုံး အကြိမ်အဖြစ် ဗြိတိန် နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း သူတို့ နှစ်ဦး တွေ့ဆုံ ကြတဲ့ အခါမှာ မစ္စတာ ပူတင်ကို ဆီးရီးယား နိုင်ငံမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တမျိုးတဖုံ ကိုင်တွယ် ဆောင်ရွက် သွားဖို့ အတွက် တိုက်တွန်း သွားမယ်လို့ မျှော်လင့် နေကြပါတယ်။

ဆီးရီးယား အရေး နဲ့ ပတ်သက်လို့ အနောက် အုပ်စုနဲ့ ရုရှားတို့ သဘောမတူနိုင် ဖြစ်နေကြပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်ရဲ့ နံပါတ် ၁၀ ဒေါင်းနင်းလမ်း ရုံးမှာ တွေ့ဆုံကြပြီး ရင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးဟာ အိုလံပစ် ပြိုင်ပွဲတွေကို လည်း သွားရောက် အားပေးကြမှာ ဖြစ်ပြီး မစ္စတာပူတင် ဝါသနာ အပါဆုံး အားကစား ဖြစ်တဲ့ ဂျူဒို ပြိုင်ပွဲတွေကို သွားရောက် ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။