bbc.co.uk navigation

ဆီးရီးယား သူပုန်တွေ အလက်ပိုမြို့ကို ထိုးစစ်ဆင်

နောက်ဆုံး ရေးသားချိန် 24 ဇူလိုင်လ 2012 - 12:18 GMT

အလက်ပိုမြို့ အကျဉ်းထောင်တခုမှာ ပုန်ကန်မှု ဖြစ်ပွားခဲ့

ဆီးရီးယား သူပုန်တွေဟာ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ အလက်ပိုမြို့ မြို့ထဲကို သိမ်းပိုက်နိုင်ဖို့ အတွက် တိုက်ခိုက်နေပြီ ဖြစ်တယ်လို့ အဲဒီမှာ ရှိတဲ့ ဒေသခံတွေနဲ့ အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် မြို့ဖြစ်တဲ့ အလက်ပိုမြို့ မြို့အဝင်မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ သူပုန်တပ်ဖွဲ့တွေ အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေကြပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံး သတင်းတွေအရ အလက်ပိုမြို့ မြောက်ဘက် ဆင်ခြေဖုံးက အကျဉ်းထောင်တခုမှာ ဆိုရင် ပုန်ကန်မှု ဖြစ်တာကို သမ္မတ အာဆတ် တပ်ဖွဲ့တွေက နှိမ်နင်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မှန်မမှန် ဆိုတာကိုတော့ လောလောဆယ် လွတ်လပ်တဲ့ အတည်ပြုချက် မရသေးပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။