
ကြားဖြတ် အစိုးရ ဝန်ကြီးချုပ် ဟောင်း ဂျီဘရီ
လစ်ဗျား မှာ ပထမဆုံး လွတ်လပ်စွာ ကျင်းပတဲ့ ရွေးကောက်ပွဲ မှာ သဘောထား ပျော့ပျောင်းသူ အုပ်စုက အများစု အနိုင်ရ သွားပါတယ်။
ကဒါဖီ ပြုတ်ကျ သွားပြီးနောက် ကြားဖြတ် အစိုးရ ဝန်ကြီးချုပ် လုပ်ခဲ့တဲ့ မိုဟာမက် ဂျီဘရီရဲ့ အမျိုးသား မဟာမိတ်များ အင်အားစုက နိုင်ငံရေး ပါတီ တွေ အတွက် လျာထားတဲ့ နေရာ ၈ဝ ထဲက ၃၉ နေရာ ရပါတယ်။
မွတ်ဆလင် ညီနောင်များ အဖွဲ့က ဒုတိယ လိုက်နေပါတယ်။
ကျန်တဲ့ အမတ် နေရာ ၂ ရာ ကျော်ကိုတော့ နိုင်ငံရေး နောက်ခံ သေချာ မသိရတဲ့ တသီး ပုဂ္ဂလ အမတ်တွေ ရရှိ သွားပါတယ်။
ပေါ်လာမယ့် လွှတ်တော်ကနေ ကြားဖြတ် အစိုးရ သစ်တရပ် တင်မြှောက်ပြီး အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲ ရမှာ ဖြစ်ပါတယ်။
















