BBC navigation

လန်ဒန်အိုလံပစ် လုံခြုံရေး အတွက် စစ်တပ်အင်အား ခေါ်ယူ

နောက်ဆုံး ရေးသားချိန် 12 ဇူလိုင်လ 2012 - 17:55 GMT

အိုလံပစ် အတွက် လုံခြုံရေး စုစုပေါင်း ၁ သောင်း ၇ ထောင် ရှိလာမှာ ဖြစ်ပါတယ်

၂၀၁၂ လန်ဒန် အိုလံပစ် အားကစားပွဲ ကျင်းပဖို့ ၂ ပတ် အလိုသာ ကျန်တော့တဲ့ အချိန်မှာ ဗြိတိန် အစိုးရဟာ အားကစားကွင်း လုံခြုံရေး အတွက် လစ်ဟာမှု မရှိစေရအောင် ထောင်နဲ့ ချီတဲ့ စစ်တပ်ဝန်ထမ်း ကိုခေါ်ယူလိုက်ပါတယ်။

ဗြိတိသျှ ပြည်ထဲရေး ဝန်ကြီး ထရေဇာ မေ က အိုလံပစ် လုံခြုံရေးကို အသေးစိတ် စီစဉ် ဆောက်ရွက်ထားပြီး၊ အားရစရာ ကောင်းတယ်လို့ ပါလီမန်မှာ ကို ပြောကြားခဲ့ ပါတယ်။

ဒါပေမယ့် လုံခြုံရေး အတွက် contract ပေးထားတဲ့ G4S လုံခြုံရေး ကုမ္ပဏီမှာ သင်တန်း ပေးထားတဲ့ လုံခြုံရေး ဝန်ထမ်း လုံလုံ လောက်လောက် ရှိပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေ တိုးများ လာနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဒီအတွက် အစိုးရ ကနေ စစ်တပ် အင်အား နောက်ထပ် ၃၅၀၀ ကို ခေါ်ထား လိုက်ပြီ ဖြစ်တဲ့ အတွက် အိုလံပစ် အတွက် လုံခြုံရေး စုစုပေါင်း ၁ သောင်း ၇ ထောင် ရှိလာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။