BBC navigation

ဘတ်ဂျက်ကြောင့် ဗြိတိသျှစစ်တပ် အင်အားလျှော့မယ်

နောက်ဆုံး ရေးသားချိန် 5 ဇူလိုင်လ 2012 - 14:50 GMT
Philip Hammond

ဗြိတိသျှကာကွယ်ရေးဝန်ကြီး Philip Hammond

ဗြိတိသျှကာကွယ်ရေးဝန်ကြီး Philip Hammond က ဘတ်ဂျက်အသုံးစရိတ် လျှော့ချဖြတ်တောက်နိုင်ဖို့အတွက် ခြေလျင်တပ်မကြီး ငါးခုအပါအဝင် အဓိကကြည်းတပ် တပ်မ ၁၇ ခုကို ဖျက်သိမ်းသွားမယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အင်္ဂလိပ်စစ်တပ်ရဲ့ အင်အားဟာ ပြင်သစ်အင်ပိုင်ယာ နပိုလီယံနဲ့ ၁၈၀၃ ကနေ ၁၈၁၅ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကစလို့ တွက်မယ်ဆိုရင် အခုလို ဖြတ်တောက်ပြီး နောက်မှာ အရေအတွက် ရှစ်သောင်းလောက်နဲ့ အင်အားအနည်းဆုံးကို ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီတော့ လာမယ့် အနာဂတ် ဗြိတိသျှကြည်းတပ်မှာဆိုရင် လက်ရှိ အမြဲတမ်းတပ်ဖွဲ့ဝင်တွေကို အခြေခံပြီး တန်ပြန်ထိုးစစ်တပ်ဖွဲ့နဲ့ အချိန်ပိုင်း တပ်ဖွဲ့၀င်တွေ အခြေပြုပြီး ရွေ့လျားတပ်ဖွဲ့ဆိုပြီး နှစ်မျိုးရှိလာမှာ ဖြစ်ပါတယ်။

အတိုက်အခံလေဘာပါတီကတော့ အခုခေတ်လို ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ မတည်မငြိမ် ကာလမျိုးမှာ ဒီလို ဖြတ်တောက်မှုဟာ လုံးဝ မသင့်တော်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။