BBC navigation

ဘီဘီစီ ညွှန်ချုပ်သစ် ခန့်အပ်

နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2012 - 16:17 GMT
George Entwistle

ဘီဘီစီရဲ့ ညွှန်ကြား ရေးမှူးချုပ်သစ် အနေနဲ့ စိန်ခေါ်မှု တွေ ရှိနေ

ဗြိတိန် နိုင်ငံက ဘီဘီစီ အသံလွှင့် ဌာနကြီးရဲ့ ညွှန်ကြား ရေးမှူးချုပ် အသစ် အဖြစ် လက်ရှိ ဘီဘီစီ ရုပ်မြင် သံကြားဌာန အကြီးအကဲ ဂျော့ဂျ် အန့်တ် ဝစ်ဆယ်လ် George Enwistle ကို ခန့်အပ် လိုက် ပါတယ်။

ဘီဘီစီ အုပ်ချုပ်ရေး အဖွဲ့ရဲ့ နာယက Lord Pattern လော့ဒ် ပက်တန် က မစ္စတာ အန့်တ် ဝစ်ဆယ်လ် ဟာ ဘတ်ဂျက်ငွေ ကို လျှော့သုံးပြီး ပိုမို ထူးခြား ပြောင်မြောက်တဲ့ သတင်းတွေ အစီ အစဉ်တွေကို ထုတ်လွှင့်ဖို့ စိန်ခေါ်မှုတွေ ကြားက ဘီဘီစီကို ဦးဆောင် နိုင်မယ့် အသင့်တော်ဆုံး ပုဂ္ဂိုလ် ဖြစ်တယ်လို့ ပြောပါတယ်။

သူဟာ အခု လက်ရှိ ညွှန်ကြားရေးမှူးချုပ် မာ့ခ် သောမ်ဆန် Mark Thompson ရရှိနေတဲ့ တစ်နှစ်စာ လုပ်ခလစာရဲ့ သုံးပုံ နှစ်ပုံ ဖြစ်တဲ့ စတာလင် ပေါင်ငွေ လေးသိန်းခွဲ၊ အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ၆ သိန်း ၇ သောင်း ရရှိမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။