BBC navigation

အမေရိကန်မှာ ဂဲလက်ဆီ ၁၀.၁ မရောင်းဖို့ တရားရုံး ဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 27 ဇွန်လ 2012 - 13:31 GMT
Apple's iPad and Samsung's Galaxy

ပုံတူ ခိုးယူမှု အငြင်းပွား နေတဲ့ ဆမ်ဆောင်းနဲ့ အက်ပဲလ် ကွန်ပြူတာများ

တောင်ကိုရီးယားပိုင် Samsung ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီထုတ် Galaxy 10.1 ဂဲလက်ဆီ တက်ဘလက် ကွန်ပြူတာကို အမေရိကန် နိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်လိုက် ပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီက သူ့ရဲ့ ပြိုင်ဘက် Apple အက်ပဲလ် ကုမ္ပဏီနဲ့ အငြင်းပွား နေတဲ့ အမှုမှာ အမေရိကန် တရားရုံးက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဂဲလက်ဆီ တက်ဘလက် ကွန်ပြူတာ တွေကို ဆက်လက် ရောင်းချခွင့် ပေးမယ် ဆိုရင် အက်ပဲလ် ကုမ္ပဏီ အတွက် အစားထိုးလို့ မရတဲ့ နစ်နာ မှုတွေ ရင်ဆိုင်ရလိမ့်လို့ တရားသူကြီး လူစီ ကိုး က ပြောပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီထုတ် ဂဲလက်ဆီ ဟာ အက်ပဲလ် ရဲ့ ရောင်းအား အကောင်းဆုံး iPad အိုင်ပက် ကို ပုံတူ ခိုး ထုတ်လုပ်တာ ဖြစ်တယ်လို့ အက်ပဲလ် ကုမ္ပဏီက စွပ်စွဲ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။