BBC navigation

ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ကို ရောက်ပြီ

နောက်ဆုံး ရေးသားချိန် 26 ဇွန်လ 2012 - 15:31 GMT

အင်္ဂါနေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ် သမ္မတနဲ့ တွေ့ဆုံမယ်

ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်ကို ရောက်နေတဲ့ မြန်မာ့ ဒီမို ကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် အောင်ဆန်း စုကြည်ဟာ ပြင်သစ် သမ္မတ ဖိတ်ကြား ချက်အရ အင်္ဂါနေ့မှာ ပါရီမြို့ကို ရောက်ရှိ သွားပြီ ဖြစ်ပါ တယ်။

ပြင်သစ် ခရီးစဉ်ဟာ သူ့ရဲ့ နောက်ဆုံး ဥရော ခရီးစဉ် ဖြစ်ပြီး ပြင်သစ်မှာ ဇွန်လ ၂၉ ရက်ထိ ရှိနေမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်း စုကြည် ဟာ ပြင်သစ် သမ္မတနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း မှာတော့ ၂ဝဝ၄ ခုနှစ်က ပါရီမြို့က ပေးခဲ့တဲ့ ဂုဏ်ထူးဆောင် မြို့သူ ဆုကို မြို့တော်ဝန် ဆီက လက်ခံ ရယူ ဖို့ ရှိပါတယ်။

အဲဒီ မနက်မှာပဲ ပါရီ မြို့တော် ခန်းမမှာ ပြင်သစ် နဲ့ ဥရောပ နိုင်ငံ တွေက အဝေးရောက် မြန်မာ တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပြီး မေးခွန်းတွေ ဖြေကြားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်

ဇွန် ၁၄ : ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ မိန့်ခွန်း။

ဇွန် ၁၅ : ဆွစ်ပါလီမန်ကို သွားရောက်။ နော်ဝေကို ဆက်လက်ထွက်ခွာ။

ဇွန် ၁၆- ၁၈: နော်ဝေမှာ နိုဘဲလ်ဆု မိန့်ခွန်းပြော။

ဇွန် ၁၇: Rafto လူ့အခွင့်အရေးအဖွဲ့နဲ့ နော်ဝေနိုင်ငံ ဘာဂန်မြို့မှာ တွေ့ဆုံ။

ဇွန် ၁၈ :အော်စလိုဖိုရမ်မှာ ဦးဆောင်ဆွေးနွေး။

ဇွန် ၁၈ :အိုင်ယာလန် မှာ ဂုဏ်ပြုပွဲတက်ရောက်မယ်။

ဇွန် ၁၉ :LSE ဆွေးနွေးပွဲ၊ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကို အလည် အပတ် ရောက်ရှိ၊ ညနေပိုင်း အောက်စ်ဖို့ဒ်မှာ မိသားစုနဲ့ မွေးနေ့ပွဲ ကျင်းပ။

ဇွန် ၂၀ :အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ကို လက်ခံယူ။

ဇွန် ၂၁: ဗြိတိသျှပါလီမန် ၂ ရပ်လုံးမှာ မိန့်ခွန်းပြော။

ဇွန် ၂၂ : လန်ဒန်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ။

ဇွန် ၂၅ : သံဃာတော်တွေကို လန်ဒန်မှာ ဆွမ်းကပ်။

ဇွန် ၂၆ : ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိ၊ ပြင်သစ် သမ္မတနဲ့တွေ့ဆုံ။

ဇွန် ၂၇ : ၂ဝဝ၄ ခုနှစ်က ပါရီမြို့က ပေးခဲ့တဲ့ ဂုဏ်ထူးဆောင် မြို့သူ ဆုကို လက်ခံရယူ၊ မနက်ပိုင်းမှာ ပြင်သစ် နဲ့ ဥရောပ နိုင်ငံ တွေကအဝေးရောက် မြန်မာ တွေနဲ့ တွေ့ဆုံ။

ဇွန် ၂၉: မြန်မာနိုင်ငံကို ပြန်ပြီ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။