BBC navigation

တရုတ် အာကာသ ယာဉ်မှူးတွေ အာကာသယာဉ်နဲ့ ချိတ်ဆက်ပြီ

နောက်ဆုံး ရေးသားချိန် 24 ဇွန်လ 2012 - 15:17 GMT

တရုတ် အာကာသ ယာဉ်မှူးတွေဟာ သူတို့ရဲ့ အာကာသယာဉ်နဲ့ ကမ္ဘာပတ် လမ်းထဲမှာ ရှိနေတဲ့ တရုတ် အာကာသ ယာဉ်ငယ် တခုကို အောင်မြင်စွာ ချိတ်ဆက် နိုင်လိုက်ပြီ ဖြစ်ပါတယ်။

လူရဲ့ ထိန်းချုပ်မှုနဲ့ တဆင့်ချင်း ချိတ်ဆက် နိုင်မှုဟာ တရုတ်နိုင်ငံ အတွက် ဒါ ပထမဦးဆုံး ဖြစ်ပါတယ်။

ကွန်ပြူတာနဲ့ ထိန်းချုပ် ချိတ်ဆက်မှုမျိုး မဟုတ်ဘဲ အခုလို ခက်ခဲရှုပ်ထွေးပြီး အနုစိတ် လုပ်ရတဲ့ ချိတ်ဆက်နိုင်မှု အစီအစဉ်ဟာ တရုတ်တို့ ရည်မှန်းထားတဲ့ အာကာသ စခန်းတခု တည်ဆောက်ရေး အတွက် အဓိက ခြေလှမ်း တရပ် အဖြစ် တွေ့မြင်ရပါတယ်။

ကွန်ပြူတာ control နဲ့ ချိတ်ဆက်တဲ့အခါ မှာယွင်းမှုတွေရှိတဲ့အခါ၊ Manual docking လို့ခေါ်တဲ့ အခုလို လူရဲ့ ထိန်းချုပ်မှုနဲ့ တဆင့်ချင်း ချိတ်ဆက်မှုဟာ မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။

လူထိန်းချုပ်မှုနဲ့ အာကာသယာဉ် ချိတ်ဆက်မှုကို ၁၉၆၀ ခုနှစ်များ အတွင်း အမေရိကန်နဲ့ ဆိုဗီယက် တို့က လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။