bbc.co.uk navigation

မြန်မာလိုမျိုး နမူနာယူဖို့ မြောက်ကိုရီးယားကို အမေရိကန် ပြောပြီ

နောက်ဆုံး ရေးသားချိန် 9 ဇွန်လ 2012 - 01:14 GMT

မြောက်ကိုရီးယား လူ့အခွင့်အရေး ဆိုင်ရာ အမေရိကန် သံတမန် Robert King


မြောက်ကိုရီးယား နိုင်ငံဟာ မြန်မာပြည်က ဒီမိုကရေစီ ရေးရာ ပြုပြင်ပြောင်းလဲမှုမျိုးတွေကို နမူနာယူ လိုက်လုပ်သင့်တယ်လို့ အမေရိကန် ဆိုင်ရာ အဆင့်မြင့် သံတမန် Robert King က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီး အစိုးရ အနေနဲ့ မြန်မာနိုင်ငံက သွားနေတဲ့ လမ်းကြောင်းမျိုး လိုက်ပြီး လုပ်မယ် ဆိုရင် အမေရိကန်နဲ့ တခြား ကမ္ဘာ့နိုင်ငံတွေက ပြန်လည် ဖေးဖေးမမ တုန့်ပြန်ကြလိမ့်မယ်လို့ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အမေရိကန် သံတမန် မစ္စတာ ကင်းန်းက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ အမေရိကန် အနေနဲ့ မြောက်ကိုရီးယားကို ရိက္ခာ အကူအညီ ထောက်ပံ့ပေးမယ့် အစီအစဉ် မရှိပေမယ့် တကယ်လို့ အနာဂတ်မှာ အမေရိကန် အရာရှိတွေကို ဒီရိက္ခာ ပေးဝေမှုနဲ့ ပတ်သက်လို့ စောင့်ကြည့် လေ့လာခွင့် ပေးမယ် ဆိုရင် ပြန်စဉ်းစားကောင်း စဉ်းစား နိုင်တယ်ယလို့ မစ္စတာ ကင်းန်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား စက်ရုံတွေကို နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီအား ကြည့်ရှုလေ့လာခွင့် ပေးဖို့ ပန်ကြား ထားပါတယ်။

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။