
၁၉၇၂ ခုနှစ်နောက်ပိုင်း ယူဂါဒါနိုင်ငံ အတွက် ပထမဦးဆုံး အိုလံပစ် ရွှေတံဆိပ်ကို ပြန်လည် ဆွတ်ခူးပေးခဲ့တာပါ
လန်ဒန်အိုလံပစ် နောက်ဆုံးနေ့ ပွဲစဉ်တွေထဲက ပြေးခုန်ပစ် နောက်ဆုံးပွဲဖြစ်တဲ့ အမျိုးသား မာရသွန်ပြေးပွဲမှာ ယူဂန်ဒါနိုင်ငံက ကီပရိုတစ် က ၂နာရီ ၈ မိနစ် တစက္ကန့်နဲ့ ပထမနေရာက ပန်းဝင်ပြီး ရွှေတံဆိပ် ဆွတ်ခူး သွားပါတယ်။
၁၉၇၂ ခုနှစ်ထဲကနေ အချိန်အထိ ယူဂါဒါနိုင်ငံ အတွက် ပထမဦးဆုံး ပြန်လည် ရရှိတဲ့ အိုလံပစ် ရွှေတံဆိပ် လည်း ဖြစ်ပါတယ်။ ကင်ညာနိုင်ငံက အပြေးသမား အဘီကီရူနဲ့ ဝီဆင်ကစ်ဆန်း တို့ကတော့ ရွှေတံဆိပ်နဲ့ ငွေတိဆိပ် အသီးသီး ရရှိသွားကြပါတယ်။
ဒီကနေ့ နောက်ဆုံးနေ့ဖြစ်တာမို့ လန်ဒန်မြို့ လမ်းမတွေပေါ်မှာ ထောင်ပေါင်းများစွာသော လူတွေဟာ ပျော်ရွှင်စွာဖြင့် သွားလာ နေကြပြီး၊ မာရသွန်ပြေးပွဲကိုလည်း စတင် တာလွှတ် လိုက် ကတည်းက လမ်းဘေးဝဲယာ တလျှောက် ရပ်ကြည့်ပြီး အားပေးနေခဲ့ ကြပါတယ်။

မာရသွန်ပြေးပွဲကို စတင် တာလွှတ် လိုက် ကတည်းက လူတွေဟာ လမ်းဘေးဝဲယာ တလျှောက် ရပ်ကြည့်ပြီး အားပေးခဲ့
ဘတ်စကက်ဘော ဘောလီဘော လက်ပစ်ဘော နဲ့ ဝါးတားပိုလို တို့ပွဲတွေအတွက် နောက်ဆုံး ဗိုလ်လုပွဲတွေ အပြီးသတ် ကျင်းပမှာလည်း ဖြစ်ပါတယ်။ တခါ လက်ဝှေ့ပွဲ အားလုံးအတွက်လည်း ညနေ သုံးနာရီခွဲ မတိုင်ခင် အပြီး ကစားကြမှာ ဖြစ်ပါတယ်။
ညနေ ၇ နာရီ ခွဲအချိန်မှာတော့ ၂၀၁၂ လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲ ပိတ်ပွဲကို အိုလံပစ် အားကစားဝင်း ကြီးထဲမှာ တခမ်းတနား ကျင်းပမှာ ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် အိုလံပစ်ပွဲကို လက်ခံ ကျင်းပမယ့် ဘရားဇီး နိုင်ငံကို အိုလံပစ် အလံ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းကလည်း ဗြိတိန်နိုင်ငံဟာ အိုလံပစ် အာကစား ပြိုင်ပွဲကြီးကို အချိန်မီ ငွေကြေး လုံလောက်စွာနဲ့ ကျင်းပပေး နိုင်ခဲ့တယ်လို့ ပြောကြားပါတယ်။
နောပြီး ကမ္ဘာ့ပေါ်က ငတ်မွတ်မှု ပြဿနာတွေနဲ့ ပတ်သက်တဲ့ ညီလာခံတခုကို ဒေးဗစ်ကင်မရွမ်းရဲ့ ဒေါင်းနင်းလမ်း နေအိမ်မှာ လက်ခံ ကျင်းပတဲ့ အခါမှာတော့ ဘရာဇီး ကင်ညာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကျော် အာကစား သမားတွေလည်း ဒီအစည်းအဝေးကို တက်ရောက် ကြမှာ ဖြစ်ပါတယ်။





















