BBC navigation

တောင်ကိုရီးယား ဘောလုံးသမားကို ဆုယူခွင့်တားမြစ်

နောက်ဆုံး ရေးသားချိန် 12 သြဂုတ်လ 2012 - 01:01 GMT
skorea_vs_japan

တောင်ကိုရီးယား နဲ့ ဂျပန် အသင်းတို့ရဲ့ တတိယလုပွဲ

တောင်ကိုရီးယား က ဂျပန် အသင်းကို အနိုင်ရ ခဲ့တဲ့ အိုလံပစ် တတိယလုပွဲမှာ နိုင်ငံရေးစာတန်း ကို ကိုင်ဆောင်ပြခဲ့တဲ့ တောင်ကိုရီးယားအသင်း က ဘောလုံးသမား ကိုဆုပေးပွဲ တက်ဖို့ ပိတ်ပင် ခဲ့ပါတယ်။

သူကိုင်ဆောင် ခဲ့တဲ့ စာတန်းမှာ ဂျပန်နဲ့ တောင်ကိုရီးယား အကြားမှာ ပိုင်ဆိုင်မှု အတွက် အငြင်းပွား နေတဲ့ ကျွန်းနဲ့ ပတ်သက်ပြီး ရည်ညွှန်း ထားတာဖြစ်ပါတယ်။

အဲဒီ ကျွန်းကို ဂျပန် က တာကဲရှီမား လို့ခေါ်ပြီး တောင်ကိုရီးယား ကတော့ ဒုခ်ဒိုလို့ ခေါ်ကြပါတယ်။

အဲဒီ ကျွန်းကို တောင်ကိုရီးယား သမ္မတက မကြေညာ ထားဘဲ ရောက်ရှိသွား ခဲ့အပြီး နာရီပိုင်း အကြာမှာပဲ အခုလို ကိုင်ဆောင် ပြခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ် ကော်မတီ ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အသင်းကို အလျှင် တမြန် အရေးယူ ဆောင်ရွက်ဖို့နဲ့ ဖြေရှင်းချက် ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။