BBC navigation

မြန်မာ ဂျူဒိုမယ် ပွဲဦးထွက်မှာ ရှုံးနိမ့်

နောက်ဆုံး ရေးသားချိန် 2 သြဂုတ်လ 2012 - 12:33 GMT
Aye Aye Aung

ပွဲအစ အားမာန်အပြည့်သွင်းလို့ တွေ့ရတဲ့ အေးအေးအောင်

မအေးအေးအောင်ဟာ တရုတ်က ယန်ရွှီလီ နဲ့ ၇၈ ကီလိုတန်း သြဂုတ် ၂ရက် ကြာသပတေးနေ့မနက်က ကွာတားအကြိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာမှာ တရုတ် ပြိုင်ဖက်က အိပွန်း တချက်ကောင်းနည်းနဲ့ ကြမ်းပြင်ပေါ်ဆွဲလှဲပြီး အနိုင်ယူသွားခဲ့ပါတယ်။

ပွဲစဉ်အစမှာတော့ အပြန်အလှန် တိုက်စစ်ဆင်ခဲ့ပြီး မအေးအေးအောင်က ပြိုင်ဖက်ကို အကြိမ်ကြိမ် ဆွဲလှဲဖို့ ကြိုးစားခဲ့တာလဲ တွေ့ရပါတယ်။

တနေ့ထဲမှာ ဆက်ကျင်းပတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ မအေးအေးအောင်ကို အနိုင်ယူခဲတဲ့ တရုတ်ဂျူဒိုမယ်လဲ ပြင်သစ်က ပြိုင်ဖက်နဲ့ တွေ့ပြီး ရှုံးနိမ့်သွားခဲ့ပါတယ်။

ထိုင်းမှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရခဲ့တဲ့ အေးအေးအောင်ဟာ မြန်မာအားကစားအဖွဲ့အတွက် မျှော်လင့်ချက်အရှိဆုံး အားကစားမယ်တယောက်လဲ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အခု အိုလံပစ်မှာ အားကစားသမား ခြောက်ဦး နဲ့ အားကစားနည်း ခြောက်မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုတော့ အမျိုးသား မီတာ ၄၀၀ အတွက် ကိုသက်ဇော်၀င်းနဲ့ မာရသွန် ပြေးပွဲအတွက် မနီလာစန်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲတွေပဲ ကျန်ပါတော့တယ်။

အိုလံပစ်ပြိုင်ပွဲ ၆ ရက်မြောက် သြဂုတ်လ ၂ ရက် မနက် အထိတရုတ်အသင်းက ရွှေ ၁၇ ခု၊ ငွေ ၉ ခု၊ ကြေး ၄ ခု စုစုပေါင်း ဆုတံဆိပ် ၃၀ နဲ့ ထပ်က ဦးဆောင်နေပြီး၊ အမေရိကန် ကတော့ ရွှေ ၁၃ ငွေ ၈၊ ကြေး ၉ နဲ့ ဒုတိယနေရာက လိုက်နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။