အောက်က အသံဖိုင်ကို ဒေါင်းလုပ် လုပ်ပါ

အရည်အသွေးမြင့် mp3 (20.1 Mb)

facebook ကို ထိန်းချုပ်သင့်သလား

12 ဇူလိုင် 2014 15:22 GMT နောက်ဆုံး ရေးသားသည်။

မြန်မာအစိုးရက Facebook ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုတွေကို ထိန်းချုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ Facebook ကြောင့် လူမျိုးရေး ၊ ဘာသာရေး အမုန်းပွားမှုတွေ ပိုပြီးကြီးမား ကျယ်ပြန့်လာတယ်ဆိုတဲ့ အဆိုကို သောတရှင်တို့ သဘောတူပါသလား။ Facebook မှာ ဘယ်လိုလူမျိုးတွေက လူမျိုးရေး၊ ဘာသာရေး အမုန်းပွားမှုတွေကို ဖြန့်ဝေလှုံ့ဆော်နေပါသလဲ။ လူမျိုးရေး ၊ ဘသာရေး အမုန်းတရားဖြန့်ချိလှုံ့ဆော်မှုတွေကို ဘယ်လို တားဆီးထိန်းချုပ်သင့်ပါသလဲ။