BBC navigation

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ သမ္မတဦးသိန်းစိန်မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 16:41 GMT

မီဒီယာ ပလေးယား

နားဆင်နိုင်ပါတယ်

နိုင်ငံရေးအကျဉ်းသားတချို့ လွတ်လာပေမယ့် ကျန်နေသူတွေ ရှိနေဆဲ

အမေရိကန် သမ္မတအိုဘားမားရောက်တဲ့နေ့မှာ မြန်မာသမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ထပ်လွှတ်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေက ကျန်နေဆဲလို့ နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။

သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်ချင်တယ်လို့ ဂတိတွေ အကြိမ်ကြိမ်အခါအခါ ပေးနေပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး နှေးကွေးနေပါတယ်။

ဒီလိုနှေးကွေးနေတာဟာ သမ္မတကြီးအနေနဲ့ အပြည့်အဝ လုပ်ပိုင်ခွင့်မရှိတာကို ဖေါ်ပြနေတာလား၊

ဘယ်လို အခက်အခဲတွေ ရှိနေလို့လဲ။

သောတရှင်တို့ရဲ့ အတွေးအမြင် အယူအဆတွေကို လာမယ့် နိုဝင်ဘာလ ၂၁ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

သောတရှင်တွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ က ကိုတိတ်နိုင် နဲ့ အာရှလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် ကရှေ့နေ ဦးမင်းလွင်ဦး တို့ ပါဝင်ဆွေးနွေးထားပါတယ်။

အချိန်မရလို့ အပြည့်အစုံ ထုတ်လွှင့် မပေးနိုင်ခဲ့တဲ့ ဦးမင်းလွင်ဦးရဲ့ ဆွေးနွေးချက်ကို အောက်မှာ နားဆင်နိုင်ပါတယ်။

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးနိုင်အောင် ဘာလုပ်ဖို့လိုသလဲ

လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးရဲ့ အမြင်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။