BBC navigation

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ သမ္မတဦးသိန်းစိန်မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ

နောက်ဆုံး ရေးသားချိန် 17 နိုဝင်ဘာလ 2012 - 02:33 GMT

အင်းစိန်ထောင်

အမေရိကန် သမ္မတအိုဘားမားရောက်တဲ့နေ့မှာ မြန်မာသမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ထပ်လွှတ်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေက ကျန်နေဆဲလို့ နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။

သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်ချင်တယ်လို့ ဂတိတွေ အကြိမ်ကြိမ်အခါအခါ ပေးနေပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး နှေးကွေးနေပါတယ်။

ဒီလိုနှေးကွေးနေတာဟာ သမ္မတကြီးအနေနဲ့ အပြည့်အဝ လုပ်ပိုင်ခွင့်မရှိတာကို ဖေါ်ပြနေတာလား၊

ဘယ်လို အခက်အခဲတွေ ရှိနေလို့လဲ။

သောတရှင်တို့ရဲ့ အတွေးအမြင် အယူအဆတွေကို လာမယ့် နိုဝင်ဘာလ ၂၁ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။