BBC navigation

သတင်းသမားတချို့ သတင်းအတွက် လက်ဆောင်ယူတဲ့ အလေ့ ဘယ်လိုတားမလဲ

နောက်ဆုံး ရေးသားချိန် 17 အောက်တိုဘာလ 2012 - 16:54 GMT

မီဒီယာ ပလေးယား

နားဆင်နိုင်ပါတယ်။

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

သတင်းမီဒီယာဟာ လူထု ယုံကြည်မှုကို ရယူရမှာ ဖြစ်ပေမယ့် သတင်းသမားတချို့ဟာ သတင်းကိစ္စအတွက် လက်ဆောင် ရယူတာတွေ ရှိနေကြပါတယ်။

ဒီလိုအလေ့အထမျိုး အမြစ်မတွယ်အောင် ဘယ်လိုနည်းလမ်းနဲ့ တားဆီးနိုင်မလဲ၊

သောတရှင်တွေရဲ့ အတွေ့အကြုံတွေနဲ့ သဘောထားအမြင်တွေကို အောက်တိုဘာလ ၁၇ ရက် လွတ်လပ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သောတရှင်တွေနဲ့အတူ မြန်မာနိုင်ငံသတင်းစာဆရာများအဖွဲ့ ဒုဥက္ကဌ ဦးကိုကို စက်မှု နဲ့ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်တို့ ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

ဒီအစီအစဉ်ကို နားထောင်ပြီး တခုခု ပြောလိုရင် burmese@bbc.co.uk ကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့နိုင်ပါတယ်။

အီးမေးနဲ့ဆွေးနွေးသူများ

လက်ဆောင်ပစ္စည်းပေးခြင်းအပေါ်...လက်ဆောင်ပေးသူက မိမိရဲ့ကိုယ်ကျိုးစီးပွါးရေးအကျိုးကိုမျှော်လင့်ပြီး လက်ဆောင်ပေးလျှင် ( ဒါမှမဟုတ် ) ယူသူကပါ မရိုးမသားစိတ်နဲ့ ယူရင်တော့ ပေးသူကော- ယူသူရော အပြစ်ရှိ ပါတယ်။ ပေးသူက နှောင်ကြိုးမဲ့ပုံသဏ္ဍန်နဲ့ပေးပြီး၊ မီဒီယာဘက်ကပါ ယူသူကလည်း သတင်းရေးသားထုတ်လွှင့်တဲ့အခါ ဘက်လိုက်မှုမရှိပဲ အမှန်ကိုအမှန်တိုင်း၊ အရှိကို အရှိတိုင်း မီဒီယာကျင့်ဝတ်နဲ့ အညီသတင်းကိုမှန်မှန်ကန်ကန်ရေးသားထုတ်လွှင့်ရင်တော့ နှောင်ကြိုးမဲ့ လက်ဆောင်ပစ္စည်းကို ရိုးရိုးသားသားယူရင် အပြစ်မရှိပါဘူး။

ဒါပေမယ့်....တန်စိုးလက်ဆောင်ရဲ့ နောက်ကွယ်မှာ....အထူးသဖြင့် လပ်ပေးလပ်ယူပုံသဏ္ဍန်မျိုး သက်ရောက်လေ့အသွင်သဏ္ဍန်မျိုး ကပ်ပါလာတတ်တော့...အမှန်မှာ မီဒီယာတွေအနေနဲ့ လူအများအထင်လွဲ- အမြင်လွဲစေ တတ်တဲ့ လက်ဆောင်ပစ္စည်းတွေမယူတာက ပိုမိုသင့်တော်ပြီး၊ မီဒီယာရဲ့ ကျင့်ဝတ်နဲ့ ဂုဏ်သိက္ခာကိုလည်း ထိမ်းသိမ်းရာသက်ရောက်ပါတယ်။

ကိုဗလိုင်

သတင်းသမားတွေကို သတင်း အမှားကို သတင်းအမှန်ထင်ရအောင် သတင်းထောက်တွေ ကိုလဘ်ထိုးပြီးဆောင်းပါး ရေးခိုင်းတာမျိုး ကျတော့ ပြည်သူ့ အတွက် အဆိပ်အတောက် ဖြစ်စေ ပါတယ်။
ပြည်သူ၏ ယုံကြည်မှုကို လက်တစ်လုံးခြား အခွင့်အရေးယူတဲ့ လုပ်ရပ်မျိုး ဖြစ်ပါတယ်။

ဒီလို သတင်းထောက် မျိုးရှိလာခဲ့ရင်၊ ရှိနေရင် တိကျသော သက်သေ အထောက်အထားများနှင့်အတူ ဖယ်ရှားပေးရမှာက ဂျာနယ်တိုက်များ မှာ ရှိတဲ့ အယ်ဒီတာ ချုပ် တွေရဲ့ တာ၀န်ဘဲ ဖြစ်ပါတယ်။

ဂျာနယ်တိုက်ပိုင်ရှင်တွေအပိုင်းကလဲဒီလိုလဘ်ယူမှုမျိုးတွေနည်းနိုင်သမျှနည်းအောင် နိုင်ငံရပ်ခြားတိုင်းပြည်များမှာလို သတင်းတစ်ပုဒ်ခြင်း၏တန်ဘိုးအလိုက်။တန်ရာတန်ကြေးပေးခြင်း။
ဈေးမြှင့်သတ်မှတ်ပေးခြင်း။လုံလောက်သောအသက် မွေးမှု ရနိုင်ရန် ငွေကြေး။လစာ။ ခရီးစားရိတ် ၊နေမှုထိုင်မှု များ လုပ်ပေး ရပါမယ်။

ဒါမှလည်း မလိုအပ်တဲ့ နေရာတွေ မှာ လဘ်ယူစရာ မလိုဘဲ ဘ၀ အာမခံချက်မှုရှိတဲ့အတွက် သတင်းမှန်တွေ ကို ပြည်သူ့ဆီ အရောက် ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

ချောချောကြေးမုံ

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။