-
ဂရမ်မီဆုပေးပွဲ ၂၀၁၂
-
Return to Burma
-
မိုဘီ ဂျီနို အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်
ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

Side Effect အဖွဲ့သားများ
ရော့ခ်သီချင်းတွေ သီဆိုတဲ့ ရန်ကုန်မြို့က လူငယ် Rock Band တစ်ခုအကြောင်း တင်ဆက်ပေး ထားပါတယ်။
Side Effect လို့ နာမည်ပေးထားတဲ့ ဒီအဖွဲ့ ပေါ်လာတာ လေးငါးနှစ် ရှိနေပေမယ့် သီချင်းခွေတော့ မထုတ်ရသေးပါဘူး။ သီချင်းခွေ ထုတ်ဖို့ ပိုက်ဆံ မရှိတာကြောင့် အင်တာနက်က ရံပုံငွေ ရှာခဲ့ပါတယ်။ အတော်အတန် ရံပုံငွေလည်း ရခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်ရဲ့ မြန်မာအပေါ် အရေးယူ ပိတ်ဆို့ထားမှု ဆန်ရှင်ကြောင့် ရံပုံငွေတွေ ဆုံးရှုံးခဲ့ရပါတယ်။
Side Effect အဖွဲ့

သီချင်းဆိုတဲ့ Darko C
အဖွဲ့နာမည်ကို Side Effect လို့ ပေးရတာက သူတို့ဟာ လူပတ်ဝန်းကျင်မှာ လူငယ် အများစု လိုက်တဲ့ လမ်းကို မလိုက်ပဲ ကိုယ့်ဝါသနာ လမ်းကြောင်းကိုပဲ သွားခဲ့တဲ့အတွက် မိဘအတွက်၊ ပတ်ဝန်းကျင်အတွက် ဘေးထွက် ဆိုးကျိုး တစ်ခုခု ဖြစ်နေသလားလို့ တွေးမိပြီး ဒီနာမည် ပေးဖြစ်တာလို့ ဆိုပါတယ်။
သူတို့ရဲ့ သီချင်းတွေမှာလည်း ပတ်ဝန်းကျင်ကို သရော်ထားတဲ့ သီချင်းတွေ၊ ခေတ်မြင်ကွင်း အခြေအနေကို ဖော်ပြတဲ့ သီချင်းတွေ၊ နောက်ပြီး အချစ်သီချင်းတွေ ပါဝင်တာ တွေ့ရပါတယ်။ 'ကျက်သရေ' နဲ့ 'တော်သလင်း မှတ်တမ်း' သီချင်းတွေကတော့ ဆင်ဆာ ဖြတ်တာ ခံရပါတယ်။
ဒီအဖွဲ့မှာ အဖွဲ့ဝင် ၃ ဦးပါဝင်ပြီး ဂစ်တာလည်းတီး သီချင်းလည်းရေး သီချင်းလည်းဆိုသူက Darko C ၊ ဒရမ် တီးတာက Tzer Htoo နဲ့ ဘေ့စ် တီးတာက Joseph K တို့ ဖြစ်ပါတယ်။
အခုချိန်ထိ ခွေမထုတ်နိုင်သေးလို့ လောလောဆယ် သူတို့သီချင်းတွေ နားထောင်ချင်ရင် အင်တာနက်ပေါ်က ဖေ့စ်ဘုတ်ခ်၊ မိုင်စပေ့စ်၊ ဆောင်းကလောက် စတဲ့ နေရာတွေမှာ သွားပြီး နားဆင်နိုင်ကြပါတယ်။
မိုဘီ ဂျီနို အစီအစဉ်
အပတ်စဉ် တနင်္ဂနွေနေ့ည ဘီဘီစီ အသံလွှင့် အစီအစဉ်တွေမှာ ထုတ်လွှင့်ပေးနေတဲ့ မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခေတ်ရဲ့ ရှင်သန် ရွေ့လျားနေတဲ့ (Mobile Generation) မိုဘီ ဂျီနို လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးနေပါတယ်။
မိုဘီဂျီနို ပရိတ်သတ်တွေ အနေနဲ့လည်း ကိုယ်သိချင်၊ ကြားချင်တဲ့ အကြောင်း အရာတွေ ရှိရင် ဒီကဏ္ဍကို ဆက်သွယ်နိုင်ကြသလို မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ လည်း ကိုယ့်ရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံတွေနဲ့ အနာဂတ် အိပ်မက်တွေ အကြောင်းကို ဒီအစီအစဉ် ကနေ ဝေမျှပြောပြကြဖို့ ဖိတ်ခေါ်လျက်ရှိ ပါတယ်။
ဆက်သွယ်မယ်ဆိုရင် အီးမေးလ် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်က ဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။
လန်ဒန်မြို့ကို ပေးပို့မယ်ဆိုရင်တော့ BBC Burmese, 540CB Bush House, London, United Kingdom WC2B 4PH ဆီကို စာရေးသား ပေးပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်
BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။