-
Return to Burma
-
The Lady ရုပ်ရှင်ဇာတ်ကား စပြပြီ
-
မိုဘီ ဂျီနို အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်
ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီတစ်ပတ်မှာတော့ . . .

မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေ စုစည်းပြီး ရန်ကုန်မြို့မှာ မကြာခင်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ဆိုတဲ့ အဖွဲ့အကြောင်း တင်ဆက်ပေးပါတယ်။
ဒီအဖွဲ့ဟာ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ တွေကိုလည်း ပညာရှင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ရာမှာ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ရန်ကုန် မင်္ဂလာတောင်ညွန်မြို့နယ်က သူတို့ရဲ့ ရုံးခန်းသစ်မှာ'မျိုးဆက်သစ် ကျောင်းသား လူငယ်များ အကြောက်တရားမှ ကင်းဝေးရေး' ဆိုပြီး ဆွေးနွေးပွဲ လုပ်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံပွဲ
Myanmar Youths Union အဖွဲ့ ဘာကြောင့် ပေါ်လာရသလဲ၊ ဒီအဖွဲ့ကနေ ဘယ်လို လှုပ်ရှားမှုတွေ လုပ်နေကြသလဲ၊ ဘာတွေ လုပ်ဆောင်ဖို့ ရှိသလဲ စတာတွေကို အစည်းအရုံး ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ကိုထက်ပိုင်အောင်ကို ဆက်သွယ် မေးမြန်းကြည့်ထားတာ ဖြစ်ပါတယ်။
မိုဘီ ဂျီနို အစီအစဉ်
အပတ်စဉ် တနင်္ဂနွေနေ့ည ဘီဘီစီ အသံလွှင့် အစီအစဉ်တွေမှာ ထုတ်လွှင့်ပေးနေတဲ့ မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခေတ်ရဲ့ ရှင်သန် ရွေ့လျားနေတဲ့ (Mobile Generation) မိုဘီ ဂျီနို လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးနေပါတယ်။
မိုဘီဂျီနို ပရိတ်သတ်တွေ အနေနဲ့လည်း ကိုယ်သိချင်၊ ကြားချင်တဲ့ အကြောင်း အရာတွေ ရှိရင် ဒီကဏ္ဍကို ဆက်သွယ်နိုင်ကြသလို မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ လည်း ကိုယ့်ရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံတွေနဲ့ အနာဂတ် အိပ်မက်တွေ အကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ ဖိတ်ခေါ်လျက်ရှိ ပါတယ်။
ဆက်သွယ်မယ်ဆိုရင် အီးမေးလ် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်က ဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။
လန်ဒန်မြို့ကို ပေးပို့မယ်ဆိုရင်တော့ BBC Burmese, 540CB Bush House, London, United Kingdom WC2B 4PH ဆီကို စာရေးသား ပေးပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်
BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။