ဒီမီဒီယာကို ဖွင့်၍မရပါ

မွန်ပြည်နယ်က ဦးကြီး ရာဘာ အစေးခြစ်နေ
မြန်မာနိုင်ငံ တောင်ပိုင်း ထိုင်းနိုင်ငံနဲ့ ထိကပ်နေတဲ့ ကျေးရွာ ဒေသတွေမှာ လုပ်နိုင် ကိုင်နိုင်တဲ့ အရွယ်တွေ မရှိကြတော့ဘဲ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေကိုသာ တွေ့ရသလို ရွာတွေထဲ ဝင်လိုက်ပြီ ဆိုတဲ့ အိမ်ကြီးရခိုင်တွေ တွေ့ရပေမယ့် တံခါးပိတ် ထားတာကို ထူးထူးဆန်းဆန်း မြင်ရမှာပါ။
ပြီးခဲ့တဲ့ တပတ် အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ မွန်ပြည်နယ် နစ်ကိုင်းရွာက လူငယ် လူရွယ်တွေက ထိုင်းနိုင်ငံသွားပြီး ရာဘာ အစေးခြစ်တာတို့ ပန်းရံနဲ့ တခြား ကြုံရာကျဘမ်း အလုပ်တွေ သွားရောက် လုပ်ကိုင်ကြပြီး သူတို့ရွာက ရာဘာ အစေးခြစ် တဲ့လုပ်ငန်းနဲ့ လယ်ယာ လုပ်ကိုင်ဖို့ ကိုတော့ ပဲခူး ၊ နတ္တလင်း ပေါင်းတည်ဖက်က လူတွေက လာရောက် လုပ်ကိုင် ကြပြန် တာကို တင်ဆက်ပြီး ဖြစ်ပါတယ်။
အခုလို ငွေပိုပြီး ရတဲ့ နေရာတွေမှာ လူတွေ ရွေ့ပြောင်း သွားလာ လုပ်ကိုင်ကြတော့ နောက်ကွယ်က သက်ရောက်မှုတွေ ဘယ်လို ရှိသလဲ ဆိုတာ မစန္ဒာက အခု တပတ် အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ဆက် ပေးထားပါတယ်။
BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။