ဒီမီဒီယာကို ဖွင့်၍မရပါ
နိုင်ငံကျော် စာရေးဆရာမ နုနုရည် အင်းဝ ရဲ့ ဇာတ်လမ်းကို အခြေတည် ပြုပြင်ရေးသား ထားသော ဘာတွေ ဖြစ်ကုန်ကြပြီလဲ ရေဒီယို အသံလွှင့် ဇာတ်လမ်း ဒုတိယ ပိုင်း ဖြစ်ပါတယ်။

ဘာတွေဖြစ်ကုန်ကြပြီလဲ ရေဒီယို ဇာတ်လမ်း
ဘာတွေဖြစ်ကုန်ကြပြီလဲ ဘီဘီစီအသံလွှင့် ရေဒီယို ဇာတ်လမ်းမှ ဇာတ်ကောင်များ
နာမည်ကျော် အနုပညာရှင် ပန်းချီထိန်လင်း၊ Burmese Theatre Workshop မှ မလွင် နဲ့ ဘီဘီစီ ဝိုင်းတော်သားတွေက ပါဝင် သရုပ်ဆောင် ထားကြပါတယ်။
ဘာတွေဖြစ်ကုန်ကြပြီလဲ ရေဒီယိုအသံလွှင့် ဇာတ်လမ်း အပိုင်း ၂ မှာ ပါဝင် သရုပ်ဆောင် ခဲ့တဲ့ ဘီဘီစီဝိုင်းတော်သားတွေကတော့ ဦးသာတင့်အဖြစ် ဦးမောင် မောင်သန်း၊ ဒေါ်တဆုပ် အဖြစ် ဒေါ်ရင်ရင်မေ၊ ဒေါ်တင်နုအဖြစ် ဒေါ်တင်ထားဆွေ၊ ဒေါ်စိန်တုတ်အဖြစ် ဒေါ်ရီရီအောင်၊ သူကြီးအဖြစ် ကိုရင်မောင်၊ ဘုန်းကြီး ဦးဝီရိယ အဖြစ် ကိုမင်းထက်၊ ရဲ ဦးသန်းကြီးအဖြစ် ဦးဘမော်၊ ကင်းသမား ဖိုးမောင်အဖြစ် ကိုချို၊ ဒေါ်ဖူးညို အဖြစ် ဒေါ်သီတာနွယ် နဲ့ သံချောင်း အဖြစ် မောင်ဆက်နိုင်မြင့် တို့က ပါဝင် သရုပ်ဆောင် ထားပါတယ်။
ဒုတိယပိုင်း ဇာတ်လမ်း ထဲမှာ သူခိုး ငမိုး အပျိုကြီး ဒေါ်စိန်တုတ် အိမ် ကို တက်ခိုးမှာ လား၊ သူကြီးရဲ့ အကြံ ကရွေးကောက်ပွဲ မှာ ငမိုး ကို ဘယ်လို အသုံးချ ဖို့လဲ၊ ငမိုး ရွှေအိုး ဘယ်လို ရ လိုက်တာ လဲ စတာတွေ ကို နားဆင် ရမှာပါ။
ဇာတ်သိမ်းပိုင်းကို လည်း မနက်ဖြန် တင်ဆက် သွားမှာ ဖြစ်ပါတယ်။
BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။