နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2010 - 15:47 GMT

ဘာတွေဖြစ်ကုန်ကြပြီလဲ အပိုင်း ၁

မီဒီယာ ပလေးယား

နိုင်ငံကျော် စာရေးဆရာမ နုနုရည် အင်းဝ ရဲ့ ဇာတ်လမ်းကို အခြေတည် ပြုပြင်ရေးသား ထားသော ဘာတွေ ဖြစ်ကုန်ကြပြီလဲ ရေဒီယို အသံလွှင့် ဇာတ်လမ်း ပထမပိုင်း ဖြစ်ပါတယ်။

bbc drama

ဘာတွေဖြစ်ကုန်ကြပြီလဲ ဘီဘီစီအသံလွှင့် ရေဒီယိုဇာတ်လမ်းမှ ဇာတ်ကောင်များ

နာမည်ကျော် အနုပညာရှင် ပန်းချီထိန်လင်း၊ Burmese Theatre Workshop မှ မလွင်နဲ့ ဘီဘီစီ ဝိုင်းတော်သားတွေက ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

ဘာတွေဖြစ်ကုန်ကြပြီလဲ ရေဒီယိုအသံလွှင့်ဇာတ်လမ်း အပိုင်း ၁ မှာ ပါဝင်သရုပ်ဆောင် ခဲ့တဲ့ ဘီဘီစီဝိုင်းတော်သားတွေကတော့ ဦးသာတင့်အဖြစ် ဦးမောင်မောင်သန်း၊ ဒေါ်တဆုပ်အဖြစ် ဒေါ်ရင်ရင်မေ၊ ဒေါ်တင်နုအဖြစ် ဒေါ်တင်ထားဆွေ၊ ဒေါ်စိန်တုတ်အဖြစ် ဒေါ်ရီရီအောင်၊ သူကြီးအဖြစ် ကိုရင်မောင်၊ ဘုန်းကြီး ဦးဝီရိယအဖြစ် ကိုမင်းထက်၊ ရဲ ဦးသန်းကြီးအဖြစ် ဦးဘမော်၊ နှစ်လုံးကိုင်တဲ့ ဒိုင်အဖြစ် ကိုသိန်းမြတ်နဲ့ ကင်းသမား ဖိုးမောင်အဖြစ် ကိုချိုတို့က ပါဝင် သရုပ်ဆောင် ထားပါတယ်။

ပထမပိုင်း ဇာတ်လမ်း အကျဉ်းမှာတော့ မန္တလေးအနီးက ရွာလေးတရွာမှာ သူခိုး ငမိုးလို့ ရွာက သိကြတဲ့ ငမိုး မိသားစု၊ အဖိုးကြီး အဖွားကြီး ဦးသာတင့်တို့ လင်မယား၊ ငမိုးကို ကြောက်တဲ့ ပြည့်စုံသူ ဒေါ်စိန်တုတ်၊ တရားဟောချင်လွန်းတဲ့ ဦးဇင်း၊ အမတ်ရူး ရူးနေတဲ့ သူကြီးနဲ့ ရွာထဲက ဖြစ်ရပ်စုံကို ဇာတ်ပျိုး ဇာတ်ခင်း ထားပါတယ်။

ဇာတ်နိုးခန်းအဖြစ် သူခိုး ငမိုး မန္တလေးက ရွာပြန်လာပြီး ဘုန်းကြီးကို ကြက်ဆီထမင်း ဆွမ်းကပ် လှူရင်း၊ မိန်းမဖြစ်သူ မြမူ တိုက်တွန်းလို့ သူ့ကို ကြောက်နေတဲ့ ဒေါ်စိန်တုတ်ကို ဒုက္ခပေးမယ်လို့ ကြိမ်းသွားတဲ့ အကြောင်း ဖြစ်ပါတယ်။

ဒုတိယပိုင်းနဲ့ ဇာတ်သိမ်းပိုင်းတွေကို နားဆင်ချင်ရင် အောက်က လင့်ခ် တွေကို နှိပ်ပါ။

နှိပ်ပါ ဒုတိယပိုင်း

နှိပ်ပါ တတိယပိုင်း (ဇာတ်သိမ်းပိုင်း)

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။