မိုဘီ ဂျီနိုဆိုတာ ဒီနေ့ကမ္ဘာရှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation ရဲ့ အတိုကောက် Mobi-Geno ဖြစ်ပါတယ်။
ပြောင်းလဲတိုးတက်မှုတွေ မြန်တဲ့ ဒီခေတ်ကြီးထဲမှာ ခေတ်နဲ့အညီ လိုက်ပြီး တိုးတက်ပြောင်းလဲဖို့ ရှင်သန်နေကြတဲ့ အထူးသဖြင့် လူငယ်မျိုးဆက်တွေ အတွက် ဒီကဏ္ဍကနေ အသိပညာရစရာ၊ စိတ်အပန်းဖြေစရာ၊ နောက်ပြီး နားထောင်ရုံတင်မက ကိုယ်တိုင်ပါဝင်ဆွေးနွေးစရာ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။
လူငယ်တွေ ပိုစိတ်စားနိုင်တဲ့ အကြောင်းအရာတွေ ဆိုပေမယ့် Mobi-Geno ပရိတ်သတ်တို့ အနေနဲ့ ကြီးငယ်မဟူ ဒီကဏ္ဍကို စာရေး၊ ဖုန်းဆက်၊ အီးမေးလ်တွေ ပို့ပြီး ဆက်သွယ် နိုင်ကြပါတယ်။ ပါဝင်ဆွေးနွေး နိုင်ကြပါတယ်။ ဝေဖန်အကြံပြုနိုင် ကြပါတယ်။
စာရေးချင်ရင်တော့
Mobi-Geno အစီအစဉ် စာတိုက်သတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့။
No. 540 CB, Bush House, Strand, London WC2B 4PH United Kingdom
တယ်လီဖုန်းနဲ့ဆိုရင်

- +44 207 55 71764 (For voice message)
- Skype ဖုန်းကို ခေါ်ချင်ရင် ကိုယ့်ရဲ့ account ထဲမှာ maung.moe ဆိုတဲ့ နာမည်ကို Add လုပ်ပြီး ခေါ်ပါ။
အီးမေးလ်နဲ့ဆိုရင်

burmese@bbc.co.uk
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်






























