နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2010 - 20:35 GMT

မျှမျှတတ သဘောထား အမြင်

သဘောထားအမြင် မျှတဖို့လိုကြောင်း ဘီဘီစီ မြန်မာဌာနမှုး ဒေါ်တင်ထားဆွေရဲ့ ရှင်းလင်းတင်ပြချက်

သတင်းတင်ပြတဲ့အခါ နှစ်ဘက်သဘောထား အမြင်ကို မျှမျှတတ တင်ပြဖို့လိုအပ်ပါတယ်။

နှစ်ဘက် အမြင်သဘောထားကို မှန်မှန်ကန်ကန် တင်ပြပေးတဲ့ သတင်းဌာနကို လူတွေက ယုံကြည်လေးစား ကြမှာဖြစ်ပါတယ်။ ဘယ်ဖက်မှ မပါဘဲ တိတိကျကျ တင်ပြပေးတဲ့အတွက် မတူခြားနားတဲ့ သဘောထားအမြင်တွေကို ကြားသိနိုင်ပါတယ်။

ဥပမာ၊ အီရတ်စစ်ပဲကာလကိုပြန်ကြည့်ပါ။ အီရတ်စစ်ပွဲကို ထောက်ခံသူတွေ ရှိသလို ပြင်းပြင်းထန်ထန်ကန့်ကွက် သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီစစ်ပွဲက တရားသောစစ်ပွဲ ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာကိုရှင်းပြဖို့ တာဝန် သတင်းထောက်တွေမှာ မရှိပါဘူး။

စစ်ပွဲအခြေအနေကို တိတိကျကျ တင်ပြဖို့တာဝန်သာ ရှိပါတယ်။

သတင်းထောက်မှာ မိမိကိုယ်ပိုင်အမြင် ရှိကောင်းရှိနိုင်ပါတယ်။

ဒါပေမယ့် မိမိရဲ့သဘောထားအမြင်ကို ထင်ဟပ်မယ့် သတင်းမျိုးကိုသာ ရွေးထုတ်ဖော်ပြတာမျိုးကို ရှောင်သင့်ပါတယ်။

တစ်ဘက်ရဲ့အမြင်ကိုသာ ဖော်ပြတဲ့သတင်းက သတင်းဂုဏ်အင်္ဂါနဲ့ မညီညွတ်တဲ့ တိမ်းစောင်းနေတဲ့ သတင်းသာဖြစ်ပါတယ်။

အလားတူ စကားအသုံးအနှုန်း ရွေးတဲ့အခါမှာလည်း တစ်ဖက်သတ် ချိုးနှိမ်တဲ့ အသုံးအနှုန်းတွေကို မသုံးမိဖို့ သတိပြုသင့်ပါတယ်။

ထိပ်တန်းသတင်းများ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။