သောကြာနေ့ မနက်ပိုင်းအစီအစဉ်

မီဒီယာ ပလေးယား

ပါကစ္စတန်ကို ကန်ကူငွေဖြတ်

clinton

ဒီ ဆရာဝန် ပါကစ္စတန်ကို သစ္စာမဖောက်ဆို

ဘင်လာဒင် ဖမ်းမိအောင် ကူတဲ့ ပါကစ္စတန် ဆရာဝန်ကို ထောင်ချ တဲ့အတွက် အမေရိကန် ဆီးနိတ် လွှတ်တော် ကော်မတီ တခုက ပါကစ္စတန် ကို တနှစ်စာ အကူအညီ ထဲက ဒေါ်လာ ၃၃ သန်း ဖြတ်တောက် ခဲ့ပါတယ်။

ဒေါက်တာ ရှာခေးလ် အာဖရီဒေ ကို သစ္စာဖောက် မှု နဲ့ ထောင် အနှစ် ၃ဝ ချခဲ့ပါတယ်။

ဒီလို ထောင်ချမှုကို အခြေအမြစ် မရှိ မမျှတမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

ဒီ ဆရာဝန်ဟာ ပါကစ္စတန်ကို သစ္စာဖောက်တာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စ အတွက် ပါကစ္စတန်နဲ့ ဆက်ပီး အရေးဆို ရမယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။


ဆီးရီးယားကို အယ်လ်ခိုင်ဒါ ဝင်

syria

သူပုန် တွေကို အယ်လ်ခိုင်ဒါ ကူညီလို

ဆီးရီးယား ထဲမှာ အယ်လ်ခိုင်ဒါ လက်နက်ကိုင် တွေ လှုပ်ရှားနေ ကြောင်း FSA ဆီးရီးယား လွတ်မြောက်ရေး သူပုန် အဖွဲ့က ဘီဘီစီကို အတည်ပြု ခဲ့ပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ အုပ်စု တွေကို အယ်လ်ခိုင်ဒါ က လက်နက် ငွေကြေး တခြား အထောက်အပံ့ တွေ ကမ်းလှမ်း ခဲ့ပေမယ့် ငြင်းဆန် ခဲ့တယ်လို့ FSA အရာရှိ တဦးက ဆီးရီးယားက ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။

သမ္မတ အာဆတ် ကို ဆန့်ကျင် တိုက်ခိုက်မှု တွေမှာ အယ်လ်ခိုင်ဒါ ပါဝင်မှုကို အနောက် နိုင်ငံတွေ ဘက်က ကြောင့်ကြ နေ ကြပါပီ။

အနောက် နိုင်ငံတွေ ဘက်က အစိုးရ ဆန့်ကျင်တဲ့ အုပ်စု တွေကို မထောက်ပံ့ဘူး ဆိုရင် အစ္စလာမ္မစ် အုပ်စု တွေ ဆီးရီးယားကို ဝင်လာ လိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။


တခြား စိတ်ဝင်စားဖွယ် သတင်းများ

- အီဂျစ် ရွေးကောက်ပွဲ အနိုင်အရှုံး မကွဲသေး

- ယီမင် အသေခံ ဗုံးခွဲမှု လက်သည် ယီမင် စစ်သားလို့ ဆို

- အဇာဘိုင်ဂျန် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရဲ ဖြိုခွဲ

HTC မိုဘိုင်းဖုန်း CEO ပီတာ ချူး Cool-tech အစီအစဉ်ကို ပြန်လည် နားဆင် နိုင်သလို

ဘီဘီစီရဲ့အစီအစဉ်တွေကို နားဆင်ပြီး အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။