နောက်ဆုံး ရေးသားချိန် 11 ဧပြီလ 2012 - 11:47 GMT

အိန္ဒိယသမုဒ္ဒရာ ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း

အာချေးပြည်နယ်မှာ နေထိုင်ကြသူတွေဟာ အထိတ် တလန့် ဖြစ်ခဲ့ကြပါတယ်

အင်ဒိုနီးရှားနိုင်ငံ အာချေး ကမ်းလွန် ပင်လယ် ပြင်မှာ အင်အားကြီးတဲ့ ငလျင် နှစ်ခု လှုပ်ခတ်ခဲ့ ပြီးတဲ့နောက် အိန္ဒိယ သမုဒ္ဒရာ အတွင်း ဆူနာမီ ရေလှိုင်းတွေ ဖြစ်လာနိုင်ခေျ သိပ်မရှိ ဘူးလို့ အမေရိကန်က ပစိဖိတ် ဆူနာမီ သတိပေးရေး ဌာနက ကြောညာလိုက် ပါတယ်။

အခုအချိန်အထိတော့ တမီတာအောက် အမြင့်သာ ရှိတဲ့ ရေလှိုင်းတွေကိုသာ တွေ့ရတဲ့ အတွက် သူတို့အနေနဲ့ ဆူနာမီ သတိပေးချက်တွေကို ရုပ်သိမ်းလိုက်ပြီလို့ အဲဒီဌာက ပြောပါတယ်။

မြေငလျင်ကြောင့် အာချေးပြည်နယ်မှာ နေထိုင်ကြသူတွေဟာ အထိတ်တလန့် ဖြစ်ခဲ့ကြ ပါတယ်။ အကြာင်းကတော့ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီကြောင့် အာချေးဒေသမှာ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မြေငလျင်လှုပ်တယ်ဆိုရင်ပဲ လူတွေဟာ ကုန်းမြင့်ပိုင်း ဒေသတွေကို အလျင်အမြန် အပြေးသွားခဲ့ကြပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။