နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2012 - 17:57 GMT

အစိုးရ နဲ့ လွှတ်တော် အားပြိုင် နေပြီလား

မြန်မာ လွတ်တော်

ဗုဒ္ဓဟူးနေ့က ပြည်သူ့လွှတ်တော်မှာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူး ရွေးချယ်ရေး ဥပဒေ မူကြမ်းကို သမ္မတ တင်ပြချက်နဲ့ လွှတ်တော်က တင်ပြချက်ကို မဲခွဲရာမှာ လွှတ်တော်ဘက်က အနိုင်ရ သွားပါတယ်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူး ရွေးချယ် ရာမှာ လျှို့ဝှက် မဲနဲ့ မလုပ်ဖို့ သမ္မတ ဦးသိန်းစိန် က တင်ပြခဲ့ပါတယ်။

သမ္မတဖက် ကတော့ မလိုလား အပ်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ် တွေကနေ ကာကွယ် ပေးနိုင်တဲ့ အပြင် ငွေကြေး ကုန်ကျ မှု မရှိတဲ့ အတွက် ညှိနှိုင်း လုပ်ဆောင်ဖို့ ဆိုပြီး သမ္မတ က ပြောထား ပါတယ်။

ဒါပေမယ့် လွှတ်တော် မူကြမ်း ကော်မတီ ကတော့ လျှို့ဝှက်မဲနဲ့ ရွေးရမယ်လို့ ဆိုခဲ့ ပါတယ်။

အဲ့ဒီအချက် ၂ ချက်ကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတော့ လွှတ်တော် မူကြမ်း ကော်မတီ က တင်ပြ ချက်က မဲ ၄၀ ကျော်နဲ့ အနိုင်ရ သွားတယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်း မြင့်အောင် က ပြောပြ ပါတယ်။

တချိန် တည်းမှာပဲ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဟာ ရန်ကုန် မြို့ကို ဗုဒ္ဓဟူး နေ့မှာ ရန်ကုန် တိုင်း အမတ်တွေ စီးပွားရေး သမားတွေ သတင်းထောက် တွေနဲ့ တွေ့ခဲ့ပြီး ဝန်ထမ်း လစာ တိုးပေး ကိစ္စကို ထပ်မံ ရှင်းလင်း ပြောကြား ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။