နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2012 - 20:50 GMT

ဆီးရီးယားကို တရုတ် ကိုယ်စားလှယ် လွှတ်မယ်

Homs မြို့ကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ သီတင်းနှစ်ပတ်ရှိပြီ

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်သွား စေရေးမှာ ကြားဝင် ညှိနှိုင်းဖို့အတွက် တရုတ် ထိပ်တန်း ကိုယ်စားလှယ်တဦးကို ဆီးရီးယားနိုင်ငံဆီ စေလွှတ်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Zhai Jun ဟာ ၂ရက်ကြာဆွေးနွေးပွဲအတွက် ဒမာ့စကပ်စ် မြို့ကို သောကြာနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ အားဆာ့ဒ်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တိုက်တွန်းထားတဲ့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတို အာဏာ သုံးပြီး ပယ်ချခဲ့တဲ့အတွက် တရုတ်အစိုးရကို အများက ဝိုင်း ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ ဆီးရီးယားနိုင်ငံမှာ တနှစ်နီးပါး ဖြစ်နေတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ အဆုံးသတ်သွားရေး ကြားဝင် ညှိနှိုင်းမှုတွေမှာ အပြုသဘော ကဏ္ဍ ကနေ ပါဝင် ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါ တယ်။

ဆီးရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဝေဖန် ရှုတ်ချထားတဲ့ အာရပ် နိုင်ငံများ အဖွဲ့ရဲ့ အဆိုပြု ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ကြာသပတေးနေ့ နှောင်းပိုင်းမှာ မဲခွဲ ဆုံးဖြတ်ဖို့ ရှိပါတယ်။

ဆီးရီးယားနိုင်ငံမှာ လူမဆန်တဲ့ ရာဇဝတ်မှု သင့်ကောင်းသင့်နိုင်တဲ့ အမှုတွေ ဖြစ်ပွားနေတယ် လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခု ချမှတ်ရေးအတွက် လူထု ဆန္ဒခံယူပွဲတခု ကျင်းပမယ်လို့ သမ္မတ အားဆာ့ဒ်က ထုတ်ဖေါ် ကြေညာခဲ့အပြီး တရက်အကြာမှာပဲ Derra မြို့ကို အစိုးရတပ်တွေက ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။