နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2012 - 01:22 GMT

အိုဘားမား တရုတ် ဒုသမ္မတတွေ့

china human right

တရုတ်ပြည် လူ့အခွင့်အရေး ပြုပြင်စရာတွေ ရှိသေး

အမေရိကန် သမ္မတ ဘားရက် အိုဘားမားနဲ့ တရုတ်ပြည်ရဲ့ အနာဂတ် ခေါင်းဆောင်လို့ ယူဆကြတဲ့ ရှီဂျင်းပင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးရာမှာ ကုန်သွယ်ရေး လူ့အခွင့်အရေး ကိစ္စတွေ ပါဝင်ပါတယ်။

တရုတ်ပြည် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြုပြင်စရာတွေ ရှိသေးတယ်လို့ မစ္စတာရှီက ဝန်ခံသွားပေမယ့် ပြီးခဲ့တဲ့ အနှစ် ၃၀ လုံးလုံး တရုတ်ပြည် အနေနဲ့ အောင်မြင်မှုတွေ အများကြီး ရခဲ့တယ်လို့ ပြောဆိုသွားပါတယ်။

သမ္မတ အိုဘားမားကတော့ အမေရိကန် အနေနဲ့ တရုတ်ပြည်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုကို အကောင်းဘက်က ရှုမြင်ပါတယ်။ ဒါပေမယ့် အင်အား ကြီးလာတာနဲ့အမျှ တာဝန် ယူစရာ တွေလည်း များလာတယ်ဆိုတာ အသိအမှတ် ပြုသင့်တယ်လို့ ပြောကြား သွားပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး ချိန်ခွင်လျှာညီမျှဖို့လည်း သူက တောင်းဆိုလိုက်ပြီး အမေရိကန် အနေနဲ့ တရုတ်ပြည် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆက်လက် တွန်းအား ပေးသွားမယ်လို့ ပြောဆို သွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။