နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2012 - 01:51 GMT

ဘာရိန်း လုံခြုံရေး ကြပ်မတ်

bahrain

အာဏာပိုင်တွေက လမ်းတွေပိတ်ပြီး လုံခြုံရေးချ

ဆွန်နီ အုပ်စိုးသူတွေကို ဆန့်ကျင်တဲ့ နှစ်လည် အထိမ်းအမှတ် နီးလာတဲ့ အတွက် ဘာရိန်း အာဏာပိုင်တွေက ရှီအာ ဆန္ဒပြ သူတွေ မစုဝေးနိုင်အောင် လုံခြုံရေး အကြီးအကျယ် ချနေပါတယ်။

မြို့တော် မနားမားနဲ့ မြို့တော်ပြင်ဘက်က ရှီအာရွာတွေမှာ အာဏာပိုင်တွေက လမ်းတွေ ပိတ်ပြီး သံချပ်ကားတွေ ချထား ပါတယ်။

လမ်းတွေပေါ်မှာ လုံခြုံရေးတွေပါတဲ့ သံချပ်ကာ ကားတွေ လှည့်နေတယ်၊ ရဲနဲ့ ထိန်းမရရင် စစ်တပ်ဝင်ဖို့ အသင့်လို့ ဘာရိန်း တပ်မှူးကလည်း တွစ်တာက တဆင့် သတိပေး နေပါတယ်။

ရဲက ရာဘာကျည်ဆံ မျက်ရည်ယိုဗုံးနဲ့ အခြား မူးမေ့စေတတ်တဲ့ ဓာတ်ငွေ့တွေ သုံးပြီး ဓာတ်ဆီဗုံးနဲ့ ပစ်တဲ့ ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့ပါတယ်။

မနှစ်က ဆန္ဒပြသူတွေ ဆုံရပ်ဖြစ်တဲ့ ပုလဲ လမ်းဆုံ အဝိုင်းနား ဆန္ဒပြသမားတွေ ရောက်မလာ အောင် ဘာရိန်း အစိုးရက တားဆီးထားပါတယ်။

ဆန္ဒပြသူ ၂၇ ယောက် အဖမ်းခံရတယ်ပြီး သူတို့လူ ၂ ယောက်ပါတယ် လို့ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။