နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2012 - 15:03 GMT

ဆော်ဒီ သတင်းထောက်ကို မလေးရှားက ပြန်ပို့

သူ့ကို အစ္စလာမ်တရားရုံးတခုမှာ တရားစီရင်ဖို့ ဘာသာရေး ကျောင်းသားတွေက တောင်းဆို

မလေးရှား နိုင်ငံကို ထွက်ပြေးလာတဲ့ ဆော်ဒီ သတင်းထောက် တဦးကို မလေးရှား အာဏာပိုင် တွေက ဆော်ဒီ အာရေဗျကို ပြန်ပို့လိုက်ပြီ ဖြစ်ပါ တယ်။

ဒီသတင်းထောက်ဟာ တမန်တော် မိုဟာမက် အပေါ် မှတ်ချက်ပေး ရေးသားမှု တချို့ ပြုလုပ်ခဲ့ တာကြောင့် ဆော်ဒီ အာဏာပိုင်တွေက သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။

ဟမ်ဇာ ကက်ရှ်ဂါရီ လို့အမည်ရတဲ့ ဒီသတင်းထောက်ဟာ သူ့ရဲ့မှတ်ချက်တွေကို အွန်လိုင်း လူမှုဝက်ဆိုက်ဖြစ်တဲ့ တွစ်တာမှာ တင်ခဲ့ပြီးနောက် သူ့ကို ကွပ်မျက်ရမယ် ဆိုတဲ့ အသံတွေ ထွက်လာတာကြောင့် ဆော်ဒီ အာရေဗျကနေ မလေးရှားကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ တမန်တော်ကို စော်ကားခဲ့တယ်ဆိုပြီး ဆော်ဒီ ဘာသာရေး ကျောင်းသားတွေက သူ့ကို အစ္စလာမ်တရားရုံးတခုမှ တရားစီရင်ဖို့ တောင်းလိုက်ပါတယ်။

အခုလို စော်ကားတယ်ဆိုတဲ့ အမှုဟာ ဆော်ဒိအာရေဗျနိုင်ငံမှာ သေဒဏ်ကျခံ နိုင်တဲ့ ပြစ်မှု ဖြစ်ပါတယ်။

အမှုကို မကြားနာခင် သူ့ကို မလေးရှားမှာပဲ နေခွင့်ရှိတယ်လို့ တရားရုံးက အမိန့်ချ ထားတယ် လို့ သူ့ရဲ့ရှေ့နေက ပြောပေမယ့်၊ အခုတော့ သူ့ကို ပြန်ပို့လိုက်ပြီး ဖြစ်နေ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။