နောက်ဆုံး ရေးသားချိန် 13 ဖေဖေါ်ဝါရီလ 2012 - 00:36 GMT

ဂရိမှာ ခြိုးခြံရေး အစီအမံကို အတည်ပြု

greece

ဂရိ ပါလီမန်

ဂရိ နိုင်ငံ မှာတော့ အစိုးရရဲ့ အငြင်းပွား ဖွယ်ရာ ခြိုးခြံ ချွေတာရေး အစီအမံသစ် တွေကို ပါလီမန်က အတည်ပြုပေး လိုက်ပြီ ဖြစ်ပါတယ်။

ဒါကတော့ ယူရိုဇုန်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တွေ ယူရို ၁၃၀ ဘီလီယံ ကူငွေ တွေပေးဖို့ အတွက် တောင်းဆိုထားချက်တွေ အတိုင်း လုပ်ခဲ့ကြ တာလဲ ဖြစ်ပါတယ်။

ဒီ ခြိုးခြံ ချွေတာ ရေး အစီအမံ သစ်တွေနဲ့ ပတ်သက်လို့ မဲခွဲ ဆုံးဖြတ်ဖို့ ပါလီမန် အတွင်းမှာ အမတ်တွေ အကြား ဆွေးနွေး နေကြစဉ် မှာပဲ ပါလီမန် အပြင်ဘက် မှာလဲ ဆန္ဒပြသူ တွေနဲ့ ရဲတွေ အကြား တိုက်ခိုက် မှုတွေ ဖြစ်ခဲ့ ကြပါတယ်။ ရဲတွေ ဘက်က မျက်ရည်ယို ဗုံးတွေ သုံးခဲ့သလို ဆန္ဒပြသူ တွေဘက်ကလဲ ခဲတွေ၊ ဓာတ်ဆီဗုံးတွေ၊ မီးကျည်တွေနဲ့ ပြန်ပစ်ခဲ့ ကြပါတယ်။ လူတချို့ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ သလို အဆောက်အအုံ တချို့လဲ မီးတင်ရှို့ ခံခဲ့ရပါတယ်။ ဒီတခါ တိုက်ခိုက်မှုတွေက တော့ ၂၀၀၈ ခုနှစ် ကစပြီး အဆိုးဝါးဆုံး လဲ ဖြစ် ပါတယ်။

ဂရိ နိုင်ငံရဲ့ ဝန်ကြီးချုပ် လူးကပ်စ် ပါပါ ဒမ်းမို့စ်က တော့ အားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တိုက်တွန်း ထားပြီး ဒီလို တိုက်ခိုက်မှုမျိုး တွေဟာ ဒီမိုကရေစီ မဆန်ဘူး လို့ဆိုလိုက် ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။