နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2012 - 23:10 GMT

ဆီးရီးယား စစ်ဘက် အရာရှိ လုပ်ကြံခံရ

syria

ဟွမ်းစ်မြို့မှာလဲ တိုက်ပွဲတွေ ဖြစ်နေဆဲ

ဆီးရီးယားနိုင်ငံမှာတော့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေရာ ဒမတ်စကတ်စ် မြို့တော် မှာလဲ စစ်တပ်က အကြီးတန်း အရာရှိကြီးတဦးဟာ သေနတ်နဲ့ ပစ်ပြီး လုပ်ကြံ တာကို ခံလိုက်ရတယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေငြာ သွားပါတယ်။

လုပ်ကြံခံ လိုက်ရသူဟာ ဗိုလ်မှူးချုပ် အီဆာ အဲလ် ခိုလီ ဖြစ်ပြီး ဒါဟာ ဆီးရီးယား မှာ သမ္မတအာဆတ်ဒ်ကို ဆန့်ကျင်မှုတွေ အရင်နှစ် မတ်လ ကစခဲ့တဲ့ နောက်ပိုင်း အခုလို လုပ်ကြံမှုမျိုးက ပထမဆုံး အကြိမ်လဲ ဖြစ်ပါတယ်။

အခု လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ဆီးရီးယား အာဏာပိုင် တွေနဲ့ သူပုန်တွေ အကြား တဘက်နဲ့ တဘက် အပြစ်ပုံချ နေကြဆဲ ဖြစ်ပါတယ်။

တချိန်ထဲမှာဘဲ ဟွမ်းစ်မြို့မှာ ဖြစ်ခဲ့ကြတဲ့ နောက်ဆုံး တိုက်ပွဲ တွေ ကြောင့် လူပေါင်း ၃၅ ဦး သေဆုံးခဲ့ရတယ်လို့ အစိုးရ ဆန့်ကျင်သူတွေ ကပြောပါတယ်။ နောက်ပြီး သူပုန်တွေ ခြေကုတ်ယူရာ ဖြစ်တဲ့ ဇာဘာဒါနီ ဘက်ကို အစိုးရ တပ်တွေ စတင်ဝင်ရောက် နေကြပြီလို့လဲ သတင်းတွေ ရရှိပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။