
ချွေတာရေး အစီအမံတွေကို အေသင်မှာ ဆန္ဒပြ
ဂရိ အစိုးရက ခြိုးခြံ ချွေတာရေး အစီ အမံသစ်တွေကို မနေ့က တခါ ထပ် အတည် ပြုခဲ့ပါတယ်။
ဂရိနိုင်ငံ ဒေဝါလီ ခံရမယ့်အဖြစ်ကို ရှောင်ရှား နိုင်ဖို့ အီးယူဆီက ကယ်ဆယ်ရေးငွေ ယူရို ဘီ လီယံနဲ့ချီ လိုအပ်နေပြီး အီးယူရဲ့ တောင်းဆို ချက်နဲ့ အညီ ခြိုးခြံ ချွေတာရေး အစီအမံ သစ်တွေကို အတည်ပြုခဲ့ ရတာ ဖြစ်ပါတယ်။
အစိုးရ အဖွဲ့ထဲမှာ ဒီအစီအမံတွေကို ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြပေမယ့် လွှတ်တော်ကို တင်ရအုံးမှာ ဖြစ်ပြီး လွှတ်တော်က အတည်ပြုမှသာ အီးယူဆီက ပိုက်ဆံ ရမှာ ဖြစ်ပါတယ်။
အစက အစိုးရ အဖွဲ့ထဲက ဝန်ကြီး ငါးယောက်က ကန့်ကွက်ခဲ့ပြီး ဒီဝန်ကြီးတွေ ရာထူးက နှုတ်ထွက်သွားတော့မှ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရက ဒီအစီအမံတွေကို မဲခွဲနေတုန်း အေသင်မြို့က လမ်းတွေပေါ်မှာ သမဂ္ဂတွေက အ ကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး လုံခြုံရေး ဝန်ထမ်းတွေနဲ့ အပြန် အလှန် ရိုက်တဲ့ထိ ဖြစ်ခဲ့ ပါတယ်။
ဂရိသာ ဒေဝါလီ ခံရပြီဆိုရင် တတိုင်းပြည်လုံး ထိန်းမနိုင် သိမ်းမရ ဖြစ်သွားလိမ့်မယ် ဆိုပြီး ဝန်ကြီးချုပ် လူးကပ်စ ပါပါဒီးမော့စက သတိပေးနေပါတယ်။

