နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2012 - 23:30 GMT

ဂရိ ခြိုးခြံရေး အစီအမံသစ် မဲခွဲတော့မယ်

lucas

ဂရိ ဝန်ကြီးချုပ် လူးကပ်စ် ပါပါဒမ်းမို့စ်

ဂရိ ဝန်ကြီးချုပ် လူးကပ်စ် ပါပါဒမ်းမို့စ်က အစိုးရရဲ့ ခြိုးခြံချွေတာ ရေး အစီအမံသစ် တွေကိုပါလီမန် အတွင်း မဲခွဲ မဆုံးဖြတ်ခင် အကြိုနေ့မှာ တိုင်းပြည်ကို ရုပ်မြင်သံကြား ကနေ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

အဲဒီ အထဲမှာတော့ ဂရိ နိုင်ငံဟာ စီးပွား ပျက်ဖို့ လက်တကမ်းသာလို တော့ကြောင်းနဲ့ အခုကြုံနေ ရတဲ့ အကြွေး ကိစ္စ တွေကို မရှင်းနိုင်ရင် လူနေမှု စံနှုန်းတွေကအစပြိုလဲ သွားဖို့ပဲရှိတော့တယ်လို့ ပြောကြားသွား ပါတယ်။

ဂရိ ဝန်ကြီးချုပ်က အခုလုပ်နေကြတဲ့ စီးပွားရေး အစီအမံတွေအတွက် ဂရိ ပြည်သူတွေမှာ ပေးဆပ်ခဲ့ရ တာတွေ ရှိနေ တာကို သိတဲ့ အကြောင်း၊ တချို့ ကတော့ ဒီစီးပွားရေး ပြုပြင် ပြောင်းလဲ ရေးတွေထက် ဒေဝါလီ ခံရတာ ကိုတောင်မှ ကောင်းဦးမယ်လို့ ထင်ကောင်း ထင်နေ နိုင်ကြောင်း၊ ဒီလိုထင်နေရင် မှားလိမ့်မှာ ဖြစ်ကြောင်းနဲ့ အဲဒီ အဖြစ်မျိုးကနေ တိုင်းပြည်မှာ ထိန်းမရ သိမ်းမရတဲ့ အခြေအနေတွေ ဖြစ်လာနိုင် တဲ့ အကြောင်း တွေကို ပြောကြားသွား ခဲ့ပါတယ်။

စနေနေ့ကတော့ ဒီ ခြိုးခြံချွေတာရေး အစီအမံတွေကို မကျေနပ်ကြတဲ့ လူထောင်ပေါင်း များစွာဟာ လမ်းပန်း ဆက်သွယ် မှုတွေ ရပ်တန့်သွားတဲ့ အထိ ဖြစ်ခဲ့တဲ့ ၄၈ နာရီ သပိတ် ရဲ့ ဒုတိယမြောက် နေ့အဖြစ် ဆက်လက် ဆန္ဒပြခဲ့ ကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။